စားဝတ်နေရေးကျပ်တည်းသူတွေအတွက် လက်ဖက်ထမင်း၊ ပဲထမင်းကို တစ်ပွဲ ငွေ ၃၀၀ နဲ့ ရောင်းပေးနေသူ အဖွားဒေါ်မြမြ
စားဝတ်နေရေးကျပ်တည်းနေတဲ့ လူတန်းစားတွေ အဆင်ပြေပြေစားနိုင်အောင် လက်ဖက်ထမင်းနဲ့ ပဲထမင်း တစ်ပွဲကို ငွေကျပ် ၃၀၀ တည်းနဲ့ ရောင်းချပေးနေတဲ့ ဆိုင်သက်တမ်း ၂၅ နှစ် ပိုင်ရှင် အဖွားဒေါ်မြမြ
-------------------------
ဒီလက်ဖက်ထမင်း၊ ပဲထမင်းဆိုင်လေးကို အဖွားဒေါ်မြမြ တည်ထောင်ခဲ့တဲ့ သက်တမ်းဟာ ၂၅ နှစ် ရှိလာခဲ့ပါပြီ။ အခြေခံလူတန်းစားတွေ ဈေးသက်သက်သာသာနဲ့ အဆင်ပြေပြေ စားသုံးနိုင်အောင် ဖွင့်ထားတဲ့ဆိုင်လေးလို့တောင် ပြောနိုင်ပါတယ်။ အရင်တုန်းက တစ်ပွဲကို ငွေကျပ် ၂၀၀ တည်းနဲ့ ရောင်းချပေးခဲ့ပြီး အခုကာလမှာတော့ အခြေအနေတွေအရ တစ်ပွဲကို ငွေကျပ် ၃၀၀ လို့ ဈေးပြောင်းလဲဖြစ်ခဲ့တဲ့အကြောင်း အဖွားဒေါ်မြမြက ပြောပြပါတယ်။ ဘယ်လိုဖြစ်ဖြစ် တစ်ပွဲကို ငွေကျပ် ၃၀၀ ဆိုတာဟာ အခြေခံလူတန်းစားတွေ၊ အဖွားဒေါ်မြမြရဲ့ဆိုင်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လက်လုပ်လက်စားတွေအတွက်တော့ တကယ့်ကို သက်သာတဲ့ဈေးနှုန်းပါပဲ။ လက်ဖက်ထမင်းနဲ့ ပဲထမင်း အလွတ်တစ်ပွဲ ငွေ ၃၀၀ ဆိုတာကလည်း အများကြီးစားရလို့ စားရတာ အရမ်းတန်တယ်ဆိုတဲ့ မှတ်ချက်တွေလည်း အဖွားဒေါ်မြမြရဲ့ဆိုင်က ရရှိထားပါတယ်။ ကြက်ဥကြော်နဲ့ဆို တစ်ပွဲက ငွေကျပ် ၆၀၀ ဖြစ်သွားပြီး ငါးခြောက်တို့၊ ကြက်အူချောင်းတို့ဆိုရင်တော့ တစ်ချောင်းကို ငွေကျပ် ၁၀၀ တည်းနဲ့ စားနိုင်အောင် အဖွားက စီစဉ်ပေးထားပါတယ်။ စားဝတ်နေရေးကျပ်တည်းနေတဲ့ အခြေခံလူတန်းစားတွေ အဆင်ပြေပြေနဲ့ စားသုံးနိုင်အောင် လက်ဖက်ထမင်းနဲ့ ပဲထမင်း အလွတ်တစ်ပွဲကို ငွေကျပ် ၃၀၀ တည်းနဲ့ ရောင်းချပေးနေတဲ့ အဖွားဒေါ်မြမြရဲ့ဆိုင်လေးကို Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
#MercuryVariety
#MV
#MercuryFoodDiaryProgramme
#MercuryExclusiveInterview
#MercuryLifeStory
#GrandmaDawMyaMya
#လက်ဖက်ထမင်း
#ပဲထမင်း
#တစ်ပွဲကျပ်၃၀၀
#အခြေခံလူတန်းစား
#လက်လုပ်လက်စား
#Yangon
#Myanmar