ထူးခြားဆန်းကြယ်စွာအိပ်မက်၃ခါမက်၊ညွှန်ပြတဲ့နေရာမှာတကယ်ရှိနေတဲ့ကျွန်းနက်တုံးတော်ကြီ
##"အိပ်မက်ဆိုတာ မှန်ချင်လည်းမှန်၊ မှားချင်လည်းမှား၊ ပေါ့ပေါ့ဆဆနေလိုက်တာပါပဲ။ တတိယအကြိမ်မက်လာတော့မှ ကျန်းမာရေးအရလည်း လုံးဝနေမရထိုင်မရမှုတွေ ဖြစ်လာတော့ မဖြစ်မနေ လုပ်ခဲ့ရတာပါ..။ ဘုန်းဘုန်းတို့က စာချစာသင်ပျက်ပါတယ်၊အမှန်ပြောရရင်ဒီအလုပ်တွေလည်းမလုပ်ချင်ပါဘူး။ အိပ်မက်ထဲကပြောတဲ့ အရာအတိုင်း တကယ်ပဲရေအောက် .. ၁၂ ပေအကျော်မှာတွေ့ခဲ့ရတယ်။
ထူးခြားချက်တွေကတော့ ဥက္ကံမှာမိုးတွေအရမ်းရွာနေတဲ့အချိန်၊ ၇မိုင်ပဲဝေးတဲ့ ဘုန်းဘုန်းတို့ လုပ်ငန်းလုပ်နေတဲ့ရွာမှာ လုံးဝမိုးမရွာဘူး။ ချိန်းဘလောက်ကြိုးတွေ အကုန်ပျက်ကြသွားချိန်မှာလုံးဝအန္တရာယ်မဖြစ်ခဲ့ဘူး၊ ၁၀ရက်တိုင်တိုင်တူးဖော်ခဲ့ရပါတယ်။ ထူးခြားမှုတွေအများကြီးရှိခဲ့တာတော့တွေ့ရတယ်။ သာသနာတော်အတွက် ဗုဒ္ဒရုပ်ပွားတော်ကြီးတွေထုဆစ်ပြီးရင်အကျိုးဖြစ်ထွန်းနိုင်တဲ့အတွေးနဲ့ပဲ ပီတိဖြစ်ရပါတယ်.. .".ဆိုတဲ့ ဘုန်းဘုန်း အရှင် ဘဒ္ဒန္တ ဝါသေဌ
##ဥက္ကံမြို့၊ လောကမှန်ကူ ကျောက်တော်ကြီးဘုရားဝန်း အတွင်း၊ ဆရာတော်ဘဒ္ဒန္တ ဝါသေဌ (သဒ္ဓမ္မ ဇောတိက ဓဇ) ဆရာတော်ဘုရားရဲ့ အိပ်မက်အရ .. တိုင်းပြည်အေးချမ်းသာယာမည့် အတိတ်နိမိတ်ဆောင် ကျွန်းနက် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးလေးဆူကို ထုဆစ်ပူဇော်မည်ဖြစ်ရာ၊ ရုပ်ပွားတော်များ ထုဆစ်ရာတွင် နိုင်ငံတော် သံဃနာယက သြဝါဒစရိယ ဆရာတော်ကြီးများထံမှ အန္တရာယ်ကင်း ပရိတ်တရားတော်မြတ်များ နာယူကြည်ညိုခြင်းနှင့် အလှူငွေပေးအပ်ခြင်းအခမ်းအနားကို ..ယနေ့ ဇွန်လ ၃ ရက်နေ့ မနက်က ၊ အဆိုပါ.ဥက္ကံမြို့ ၊ . ကျောက်တော်ကြီးဘုရားဝန်းတွင် ကျင်းပခဲ့တာဖြစ်ပါတယ်။
##ဥက္ကံမြို့ #ကျွန်းနက် #ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး #Sundaymedia
အနုပညာသတင်းထူးများကို အချိန်နဲ့တစ်ပြေးညီတင်ဆက်ပေးနေတဲ့ Sunday Mediaရဲ့သတင်းထူးများကို ကြည့်ချင်ရင်တော့ Subscribeလုပ်ပြီးဘေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ဖို့မမေ့နဲ့နော်၊။ ## ####ကျွန်းနက်တုံးတော်ကြီး
#SundayjournalMyanmar #SundayMedia #SundayMedia+ #Celebrities #MyanmarOnlineCele #မြန်မာ့အနုပညာရှင်များ #ဆယ်လီများ