ဆိုင်ခွဲ လုံးဝ မရှိတဲ့ လှမြန်မာ (ရွှေဘ) ထမင်းဆိုင် ရဲ့ ထမနဲ အလှူ
လှမြန်မာ (ရွှေဘ) ထမင်းဆိုင် ရဲ့ ထမနဲ အလှူကို ဖေဖော်ဝါရီလ (၁၁) ရက်နေ့က အမှတ် (၂၇)၊ (၅) လမ်း၊ အနောက်ရွှေဂုံတိုင်၊ ဗဟန်း၊ ရန်ကုန်မှာ ပြုလုပ်ခဲ့ပါတယ်။ လှမြန်မာ (ရွှေဘ) ထမင်းဆိုင်မှ ထမနဲ အိုး (၅၀) ထိုးခဲ့ပြီး လာရောက်စားသုံးတဲ့ Customer များကို ထမနဲများ ဝေငှ လှူဒါန်းခဲ့ပါတယ်။
နှစ်ပေါင်း (၅၀) ကျော် သက်တမ်းရှိပြီ ဖြစ်တဲ့ လှမြန်မာ (ရွှေဘ) ထမင်းဆိုင် ဟာ အရသာ ကောင်းမွန်တဲ့ ဟင်းလျာများကြောင့် ရန်ကုန်မြို့ ရဲ့ ထမင်းဆိုင်တွေထဲမှာ နာမည်ကျော် လူကြိုက်များတဲ့ ထမင်းဆိုင်တစ်ခု ဖြစ်ပြီး၊ ဆိုင်ခွဲ ဖွင့်လှစ်ထားခြင်း လုံးဝ မရှိဘူးလို့ သိရပါတယ်။
#MyanmarCelebrity #လှမြန်မာရွှေဘထမင်းဆိုင် #ရွှေဘထမင်းဆိုင် #မြန်မာထမင်းဆိုင် #မခိုင်ချို #HlaMyanmar #ShweBa #BurmeseFoodRestaurant #MaKhineCho #MyanmarCelebrityFood #ShweBaBurmeseFood #ထမနဲ #MyanmarCelebrityPromo