အလွယ်တကူ အမျက်မထွက်ခြင်း
https://myanmar-odb.org/2025/03/06/not-easily-offended
https://www.facebook.com/Myanmar.odb
https://www.instagram.com/ourdailybreadmyanmar/
ယနေ့ဖတ်ရန်ကျမ်းချက် - သုတ္တံကျမ်း ၁၉:၈-၁၃
https://odb-ministries.org/bible/mm/read.php?v=mm&b=proverbs19:8-13
ထင်ဟပ်ဖော်ပြချက်
အလွယ်တကူ အမျက်မထွက်ခြင်း
ဘုရားသခင်သည် ရှောလမုန်အား “သင်တောင်းလျှောက်သည်အတိုင်း ငါပေး၏။ ရှေးကာလ၌ သင်နှင့်တူသော သူ တစ်ယောက်မျှမဖြစ်၊ နောင်ကာလ၌ မဖြစ်နိုင်အောင် ဉာဏ်ပညာနှင့်ပြည့်စုံသော စိတ်ဝိညာဥ်ကို သင့်အား ငါပေး၏ ”ဟု မိန့်တော်မူသည်(ဓမ္မရာဇဝင် တတိယစောင် ၃း၁၂)။ ထိုကာလများတွင် ရှောလမုန်မင်းသည် သုတ္တံစကားများစွာကို ရေးသားခဲ့သည်။ သို့သော် သူ၏ဘုရားပေးသောဉာဏ်ပညာမှာ သူ့အား မိုက်မဲသော အမှုကြီးများ မပြုအောင် မတားဆီးနိုင်ခဲ့ပါ။ တရားဟောရာကျမ်း ၁၇း၁၆-၁၇ တွင် ဘုရားသခင်က ဣသရေလ လူမျိုးတို့အား ၎င်းတို့ကို အုပ်ချုပ်သည့် မင်း/ဘုရင်ရှိလာသည့်အခါ မင်းသည် (စစ်ရေးလုံခြုံရေးကိုပုံဆောင် သည့်) မြင်းတပ် အင်အားကို မတိုးချဲ့ရန်နှင့် (ရာဇပလ္လင်မြဲစေရေးအတွက် နိုင်ငံရေးအရမဟာမိတ်ဖွဲ့မှုဖြစ်သည့်) တိုင်းတစ်ပါး ဘုရင့်သမီးတော် မင်းသမီးများနှင့် ထိမ်းမြားခြင်းမပြုရန် သတိပေးခဲ့သည်။ ရှင်းလင်းသော ဆိုလိုရင်းကား ရှင်ဘုရင်သည် တစ်ဦးတည်းသော စစ်မှန်သော ဘုရင်မင်းဖြစ်သည့် ဘုရားသခင်၌သာ သူ၏ လုံခြုံမှုကို ရှာရန် ဖြစ်သည်။ ရှောလမုန်မင်းသည် မိုက်မဲစွာဖြင့် ထိုသတိပေးချက်များကို လျစ်လျူရှုလျက်၊ မြင်းများစွာကို ရယူကာ မြင်းများကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်မှုအတွက် မြို့များကို တည်ခဲ့သည် (ဓမ္မရာဇဝင် တတိယစောင် ၁၀း၂၆ )။ ထိုမျှမက သူ၌ မိဖုရား ၇၀၀ နှင့် အပျိုတော် ၃၀၀ ရှိသည်(ဓမ္မရာဇဝင် တတိယစောင် ၁၁း၃)။ ဤအမျိုးသမီးများသည် ရှောလမုန်အား ထာဝရဘုရားထံမှ လမ်းလွှဲစေခဲ့သည်(၄)။ ရှောလမုန်မင်းကြီး၏ မိုက်မဲမှုများကြောင့် ဘုရားသခင်သည် သူ့အား တရားစီရင်ခဲ့ပေသည်(၉-၁၃)။
စာရေးသူ - ဘေလ်ခရောက်ဒါ