ရွာလမ်း အခန်း (၁၄)
============
အရွက်၊ အခက်၊ အလက်တွေနဲ့ သစ်ပင်တစ်ပင်။
ဟုတ်တယ်။
မှန်ဘီလူးထဲ ကျွန်တော်မြင်နေရတာက သစ်ပင်တစ်ပင်။ ကန်ဒီထိုင်နေတဲ့ နေရာမှာ သစ်ပင်တစ်ပင်ရောက်နေတာ။
ဘာလဲဟ။
ကျွန်တော်ဒီအတိုင်း ပြန်ကြည့်လိုက်တော့....ကန်ဒီက သူ့နေရာမှာ သူထိုင်နေဆဲ။
"မင်းက ဘာလဲ...ကန်ဒီ"
ကန်ဒီက ပြုံးတယ်။ သူ့အပြုံးက သစ်ရွက်လေးတစ်ရွက် ဖန်းခနဲ ပွင့်ဝေလာသလိုအပြုံးမျိုး။
"ငါတော့ ရူးတော့မှာပဲ"
"အဲ့ဒီ မှန်ဘီလူးနက်က လူတွေ၊သတ္တဝါတွေရဲ့ ခန္ဓာထဲက ဗီဇဝိညာဉ်တွေကို မြင်ရတဲ့ မှန်ဘီလူးပဲ..ဒေးဗစ်...ကျွန်မလည်း ရှင့်ခန္ဓာကိုယ်ထဲက ဗီဇကို တွေ့လိုက်ရတယ်...ရှင့်ထဲက အကောင်က အတော်ရုပ်ဆိုးတာပဲ...ခစ်ခစ်"
ကျွန်တော် ကန်ဒီကို မှန်ဘီလူးနဲ့ ပြန်ကြည့်လိုက်ပါတယ်။
#spring
#audiobook
#khetzaw
#horror