ရင်နင့်စရာ ဘားအံမြို့သမိုင်းနဲ့ ရွှေရင်မျှော်စေတီ သမိုင်းထဲက မိဖုရားစောနန်းဝေ
ကရင်ပြည်နယ်ရဲ့ မြို့တော် ဘားအံမြို့ ဘယ်ကနေ စတင်ဖြစ်ပေါ်လာတာလဲ?
ရွှေရင်မျှော်စေတီရဲ့ နောက်ခံသမိုင်းထဲက ကရင်မလေး စောနန်းဝေ ဘာကြောင့် နတ်စိမ်းဖြစ်သွားရတာလဲ?
ဘားအံမြို့ဟာ မြန်မာနိုင်ငံရဲ့ အလှဆုံးမြို့တွေထဲက တစ်မြို့ဖြစ်ပီး လည်ပတ်စရာ အများဆုံးနဲ့ စွဲဆောင်မှုအရှိဆုံး မြို့တစ်မြို့လဲဖြစ်ပါတယ်။
ဒါပေမယ့် သံလွင်မြစ်ကမ်းဘေးမှာ တည်ရှိတဲ့ ဒီလှပတဲ့ မြို့ရဲ့ နောက်ခံသမိုင်းအကြောင်းအရာကို အရမ်းကို လူသိနည်းပီး ဒဏ္ဍာရီဆန်ဆန် ပုံပြင်ဆန်ဆန်နဲ့ ပြည့်နှက်နေပါတယ်။
ဘားအံမြို့ အကြောင်းနဲ့ ပတ်သက်ပီး ကျွန်တော်ရဲ့ ချန်နယ်မှာ တောင်းဆိုမှုအများဆုံးဖြစ်တဲ့ ဘားအံမြို့ ဖြစ်ပေါ်လာခြင်း ဒဏ္ဍာရီနောက်ခံသမိုင်းထဲက ကရင်မလေး စောနန်းဝေရဲ့ ရင်နစ်စရာ ဘဝအကြောင်းနဲ့ ရွှေရင်မျှော်ဘုရားရဲ့ နောက်ခံသမိုင်းကြောင်း ရာဇဝင်များကို ဗဟုသုတဖြစ်ဖွယ် စိတ်ဝင်စားဖွယ် အပြည့်အစုံ ဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ်။