MENU

Fun & Interesting

ရန်ကုန်ဘူတာကြီးရဲ့ မြင်ကွင်းများ နဲ့ သူ.ရဲ့ သမိုင်းကြောင်းအချို့

Video Not Working? Fix It Now

၁၈၇၇ ခုနှစ်တွင် အင်္ဂလိပ်တို့က ပထမဆုံး တည်ဆောက်ခဲ့တဲ့ ရန်ကုန်ဘူတာကြီး ။ ၁၉၁၁ မှာ လက်ရှိ ဘူတာရုံကြီးနေရာမှာ ရွှေ့ပြောင်းတည်ဆောက်ခဲ့တဲ့ ရန်ကုန်ဘူတာကြီး ။ ၁၉၄၃ ခုနှစ် ဂျပန်တပ်များဝင်လာစဉ် ဗြိတိသျှတို့က ဖျက်ဆီးခဲ့တာကြောင့် ၁၉၄၇ ခုနှစ်မှာ မြန်မာမှုတွေနဲ့ ပြန်လည်တည်ဆောက်ခဲ့တဲ့ ရန်ကုန်ဘူတာကြီး ။ အင်ဂျင်နီယာ ဦးလှသွင် ၊ စည်သူ ဦးတင် ၊ ပန်းပု နဲ့ကြေးသွန်းပညာရှင် ဆရာကြီး ဦးဟန်တင် တို့ ပေါင်းစပ် ဖန်တီး တည်ဆောက်ခဲ့ကြတဲ့ ရန်ကုန်ဘူတာကြီး ။ ၁၉၅၉ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ မြို့ပတ်ရထားလမ်းအတိုင်း ပုံမှန်အချိန်မှာ မြို့ပတ်ရထားလမ်းတစ်လျှောက် ဘူတာ ၃၈ ဘူတာ ကို ရထားအစင်းရေ ၂၀၀၊ အဆိုင်း ၃၀ ဖြင့် လက်ဝဲရစ်၊ လက်ယာရစ် အသွားအပြန်နေ့စဉ် ပြေး ဆွဲနေတဲ့ မြို့ပတ်ခရီးစဥ်တွေရဲ့ ဗဟိုချက်မ ။ မြန်မာ့ မီးရထားရဲ့ အဓိကမီးရထားကွန်ယက် ၃,၁၂၆ မိုင် ရဲ့ ဗဟို ရန်ကုန်ဘူတာကြီးရဲ့မြင်ကွင်းများ ။ #ရန်ကုန်ဘူတာကြီး #မြို့ပတ်ရထားခရီးစဥ် #ဆရာကြီးဦးဟန်တင် #အင်ဂျင်နီယာဦးလှသွင် #စည်သူဦးတင် #ကိုလိုနီခောတ်ရန်ကုန်ဘူတာကြီး #Yangon_Railway_Station #Rangoon_Railway_Station #Colonial_Style_Rangoon_Railway_Station #Yangon_Views #Around_Yangon

Comment