တရုတ်စတိုင် ဝက်သားပြုတ်ကြော် လေးပါ။ ဝက်သားကြော်အိအိ မွှေးမွှေးလေးကို ထမင်းပူပူပေါ်မှာ ဆီနဲ့ ဆား နဲ့ နယ်ပြီး စားလို့ အလွန်ကောင်းပါတယ်။
ဝက်ပေါင်သား သို့ ဝက်သားငါးထပ်သား ကို လက်တလုံးစာအထူ နဲ့ ၁ လက်မ ပတ်လည် လေးတွေ လှီးဖြတ်ထားပေးပါ။
ကြက်သွန်ဖြူ လက်တဆုပ် ကို ဓားပြားရိုက်ထားပေးပါ။
ချင်း အရည် ယူဖို့အတွက် ခြစ်ထား သို့မဟုတ် ထောင်းထားပေးပါ။
ပြီးရင် လှီးထားတဲ့အသားတွေထဲကို ချင်းရည်ညှစ်ထည့်ပေးပါ။
အရသာနှပ်ရန်အတွက်
ဆား - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
တရုတ်မဆလာ - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
ငရုတ်ကောင်းမှုန့်အဖြူ - 1/4 ဇွန်း (လက်ဖက်ရည်ဇွန်း)
ပဲငံပြာရည်အကြည် - ၁ ဇွန်း (စားပွဲတင်ဇွန်း)
ဟင်းချက်အရက် - ၁ ဇွန်း (စားပွဲတင်ဇွန်း) (မရှိရင် မထည့်လို့လည်းရပါတယ်)
ဒယ်အိုးထဲမှာဆီထည့်ပြီး
သကြား - 1.5 ဇွန်း (စားပွဲတင်ဇွန်း) ထည့်ပြီး သကြားတူးတဲ့အထိ ကြော်ပေးပါ။ သကြားတွေ ညိုရောင်သန်းလာရင် ကြက်သွန်ဖြူထည့်ပါ။ ခဏလေးပဲ ကြော်ပေးပြီး ခုနက နှပ်ထားတဲ့ ဝက်သားတွေထည့်ပြီး ကြော်ပေးပါ။
အရောင်ပြောင်းပြီး မွှေးလာတဲ့အထိကြော်ပေးပါ။ ပြီးမှ ရေထည့်ပြီး အဖုံးအုပ်ပြီး မိနစ် ၄၀ လောက်တည်ထားပေးပါ။ အသားတွေ နူးအိလာပြီဆိုမှ ဆား - အနည်းငယ် ထပ်ထည့်ပြီး ဝက်သားထဲက ရေခမ်းပြီး ဆီပြန်တဲ့အထိ ပြန်ကြော်ပေးရင် မွှေးပြီးစားကောင်းတဲ့ ဝက်သားပြုတ်ကြော်လေးရပြီဖြစ်ပါတယ်ခင်ဗျာ။
ပါဝင်ပစ္စည်းများ
ဝက်ပေါင်သား - ၄၀ ကျပ်သား
Bonlife Sunflower Oil - ၂ ဇွန်း
ချင်း (ဂျင်း) - လက်တဆစ်
ကြက်သွန်ဖြူ - ၁၀ မွှာ
ဆား - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
သကြား - ၂ ဇွန်း (စားပွဲတင်ဇွန်း)
တရုတ်မဆလာ - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
ငရုတ်ကောင်းမှုန့်အဖြူ - 1/4 ဇွန်း (လက်ဖက်ရည်ဇွန်း)
ပဲငံပြာရည်အကြည် - ၁ ဇွန်း (စားပွဲတင်ဇွန်း)
ဟင်းချက်အရက် - ၁ ဇွန်း (စားပွဲတင်ဇွန်း)
တို့ပဲလိုအပ်ပါတယ်။