MENU

Fun & Interesting

ခရူးဆိတ် (ဘိုင်ဇန်တိုင်းခရစ်ယာန်ရှုထောင့်များ)

KT Media (Myanmar) 16,300 lượt xem 4 months ago
Video Not Working? Fix It Now

ခရူးဆိတ်ကို ဘိုင်ဇန်တိုင်း ခရစ်ယာန်ရှုထောင့်ကနေ မလေ့လာခင် ကျွန်တော့်တင်ပြချက်တွေမှာ ပါဝင် လာမယ့် အမည်နာမတွေနဲ့ပတ်သက်လို့ ကြိုရှင်းထားဖို့လိုလိမ့်မယ်လို့ ယူဆပါတယ်။ မြေပုံနဲ့တွဲပြီး ပြထားပါတယ်။ ဒါက အရှေ့ရောမအင်ပါယာ နဲ့ အနောက်ရောမအင်ပါယာဖြစ်ပါတယ်။ အနောက်ရောမ အင်ပါယာ မြို့တော်က ရောမ ဖြစ်ပါတယ်။ အရှေ့ရောမအင်ပါယာမြို့တော်က ကွန်စတင်တီနိုပါယ် ဖြစ် ပါတယ်။ အရှေ့ရောမအင်ပါယာကို ဘိုင်ဇန်တိုင်းအင်ပါယာလို့လည်းခေါ်ပါတယ်။ ဒီအရှေ့နဲ့ အနောက် ရောမအင်ပါယာ ဆိုတာကို ယေဘုယျအားဖြင့် ဒီနေ့ခေတ်မှာ အရှေ့ဥရောပ နဲ့အနောက်ဥရောပလို့ မြင် နိုင်ပါတယ်။ ကွန်စတင်တီနိုပါယ် က ဒီနေ့ခေတ် တူရကီနိုင်ငံက အစ္စတန်ဗူလ်မြို့ ဖြစ်ပါတယ်။ နောက် ထပ်စကားလုံး တစ်လုံးက ဟိုးလီးရောမအင် ပါယာ (holy Roman Empire) ဖြစ်ပါတယ်။ အဲ့ဒါက ဗဟိုဥရောပကို ခေါ်တာဖြစ်ပါတယ်။ နောက်ထပ် နားရှုပ်သွားစေမယ့်အခေါ်အဝေါ်တွေက လက်တင် နဲ့ ရောမ ဖြစ်ပါတယ်။ လက်တင် အားလုံးက ရောမ တွေဖြစ်ကြပါတယ်။ သို့သော် ရောမ အားလုံး လက်တင် မဟုတ်ပါ။ လက်တင် တွေက ရောမ ကိုတည် ထောင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့် ရောမ တို့ရဲ့ ကနဦးဘာသာစကားက လက်တင် ဖြစ်ပါတယ်။ နောက်ထပ်စကားလုံးနှစ်လုံးက အော်သို‌ဒေါခ် နဲ့ ကက်သလစ် တို့ဖြစ်ကြပါတယ်။ ယေဘူယျအားဖြင့် အရှေ့အော်သိုဒေါခ်ခရစ်ယာန်က အရှေ့ရောမ အင်ပါ ယာ(သို့မဟုတ်) ဘိုင်ဇန်တိုင်းအင်ပါယာ ကို ဗဟိုပြု ပါတယ်။ ကက်သလစ်ခရစ်ယာန် (သို့မဟုတ်) ရိုးမင်းကက်သလစ်ဇင်း က အနောက်ရောမ အင်ပါယာကို ဗဟိုပြုပါတယ်။ ကဲ- ဒီလောက်ဆို ကျွန်တော် တို့ရှေ့ဆက်လို့ရပါပြီ။

ပြီးခဲ့တဲ့ အပိုင်းမှာ ကျွန်တော်တို့ ခရူးဆိတ်နဲ့ပတ်သတ်လို့ မွတ်စလင်တို့ အမြင် နဲ့ သဘောထားတွေကို လေ့လာခဲ့ကြပါတယ်။ ဒီအမြင်နဲ့သဘောထားတွေက မြင့်မြတ်တဲ့မြေ (သို့မဟုတ်) ဘာသာတရားတို့မြေ (Holy Land) ရဲ့ မျိုးဆက်တွေကို ဘယ်လိုအကျိုး သက်မှုတွေ ဖြစ်ခဲ့သလဲ ဆိုတာ ကျွန်တော့်ပုရိသတ် တွေ့ခဲ့ကြတယ်လို့ ယူဆပါတယ်။ ဉာဏ်ရည်အနိမ့်အမြင့်၊ ပညာဗဟုသုတအပေါ်မူ တည်ပြီး တစ်ယောက် နဲ့ တစ်ယောက်အမြင်တွေ ကွဲပြားနေပါလိမ့်မယ်။ လွတ်လပ်စွာ သဘောကွဲခွင့်ရှိကြသလို ကိုယ့်ရဲ့အမြင် အပေါ်မူတည်ပြီး ဘာတွေနောက်ထပ်လေ့လာသင်ယူဖို့ လိုသလဲဆိုတာ တွေးနိုင်မယ်ဆိုရင် ကျွန်တော် တင်ပြရကျိုး နပ်ပါတယ်။ ဘာတွေနောက်ထပ်သင်ယူဖို့လိုသေးတယ်၊ သိဖို့လိုသေးတယ်ဆိုတာသိမှ ဘယ်မှာသင်ယူဆည်းပူးရမလဲဆိုတာကို သိနိုင်ကြပါလိမ့်မယ်။ ဘာတွေနောက်ထပ် သင်ယူဆည်းပူးဖို့ လိုသေးသလဲ၊ သိဖို့လိုသေးသလဲ ဆိုတာမသိရင် သင်ယူဆည်းပူးရမယ်ဆိုတာကိုလည်း သိကြမှာမဟုတ် သလို အားလုံးသိပြီးသားဆိုသူတွေအတွက်လည်း ဒီကနေ ဘာမှရနိုင်မှာမဟုတ်ကြောင်း အသိပေးလိုပါ တယ်။

References:

- Words :
Solon : https://en.wikipedia.org/wiki/Solon
Cerberus : https://www.britannica.com/topic/Cerberus
Charon : https://www.britannica.com/topic/Charon-Greek-mythology
Battle of Myriokephalon : https://www.britannica.com/event/Battle-of-Myriocephalon

- Music : Dreaming in by Unicorn Heads
Nature Nature by Quincas Moreira
- Soruce : https://www.youtube.com/watch?v=w9zmSAsGj1Q
- The Complete history of the world by Richard Overy, Page(124)
- Photos & Video : https://www.britannica.com/facts/Crusades

Comment