စစ်ကိုင်းတိုင်းမင်းဝံတောင်ခြေက ငလျင်ဗဟိုချက်ဖြစ်တဲ့ ရေခါးအင်းနေရာကိုသွားရောက်ရိုက်ကူးခဲ့တာပါ
#"ဒီ စစ်ကိုင်းငလျင်ကြီးရဲ့ ဗဟိုချက်က ဒီရေခါးအင်း နေရာပါပဲ ၊ ရေကန်ကြီးက ရာဇဝင်လည်းအရမ်းကြီးခဲ့တော့ နိမိတ်တွေလည်း ပြနေတာ၊ ငလျင်မလှုပ်ခင်နှစ်ရက်၊ သုံးရက်လောက်ကတည်းက တွေ့ရတယ်။ ရေတွေ အရောင်ပြောင်းတယ်၊ အင်းပုတ်နံ့တွေပေးတယ် ။ ဒီအင်းရာဇဝင်က ထူးခြားမှုတွေကို ဒေသခံတွေ အားလုံးက သိကြပါတယ်။ ငလျင် ဗဟိုချက်နေရာအတွက်လည်း တစ်နှစ်ကို ဒီနေရာကနေ 1.19မီတာကွာကွာလာတယ်လို့ ဘူမိဗေဒပညာရှင်တွေက အတိအကျတိုင်းတာခဲ့ပြီး ဘယ်နှနှစ်ကြာရင် ငလျင်ကြီးလှုပ်မလဲဆိုတာကို ခန့်မှန်းနိုင်ခဲ့တယ်.." ဆိုတဲ့ အင်အားအလွန်ပြင်းထန်စွာ လှုပ်ခတ်ခဲ့တဲ့ .. စစ်ကိုင်းငလျင်ကြီး ရဲ့ ဗဟိုချက် ဖြစ်တဲ့ ရေခါးအင်းရွာက ဒေသခံ ဦးမောင်လေး ကို အခုလို မေးမြန်းခဲ့တာပါ..။
အနုပညာသတင်းထူးများကို အချိန်နဲ့တစ်ပြေးညီတင်ဆက်ပေးနေတဲ့ Sunday Mediaရဲ့သတင်းထူးများကို ကြည့်ချင်ရင်တော့ Subscribeလုပ်ပြီးဘေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ဖို့မမေ့နဲ့နော်၊။
#SundayjournalMyanmar #SundayMedia #SundayMedia+ #Celebrities #MyanmarOnlineCele #မြန်မာ့အနုပညာရှင်များ #ဆယ်လီများ