မင်္ဂလာပါခင်ဗျာ Jab ကနေပြန်လည်ကြိုဆိုပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၄.၅ ဘီလီယံလောက်က စကြဝဠာကြီးရဲ့တနေရာမှာ ဒြပ်ဆွဲအားတွေဟာ ဖုန်မှုန့်တွေ ဓါတ်ငွေ့တွေကို ဆွဲယူစုစည်းပြီး ကျနော်တို့နေအဖွဲ့အစည်းကြီးကိုဖြစ်တည်စေခဲ့တယ်ခင်ဗျ။
အဲ့ဒိဖြစ်စဉ်နဲ့ပတ်သက်ပြီး သိပ္ပံပညာရှင်တွေဟာ အတိအကျမပြောနိုင်ကြသေးပါဘူး။
ဒါကြောင့်ပဲ သူတို့ဟာ သက်တမ်းနုသေးတဲ့ ကြယ်စနစ်တွေကိုလေ့လာကြမယ်။
အဲဒါတွေကို ကွန်ပျူတာထဲမှာထည့်သွင်းစေပြီး သူ့အလိုလိုဖြစ်ပျက်မှုတွေကို စောင့်ကြည့်လေ့လာမျိုးတွေလုပ်မယ်။
ဒီလို လုပ်ကြည့်ရင်းနဲ့ပဲ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဘာတွေဖြစ်ခဲ့တယ်ဆိုတဲ့ ဖြစ်နိုင်ချေ မော်ဒယ်သုံးမျိုးကို ဖော်ထုတ်နိုင်ခဲ့ကြတယ်ခင်ဗျ။