အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) က မြန်မာနိုင်ငံကို ILO Article 33 အရ အရေးယူဖို့ ဇွန်လ ၅ ရက်နေ့က ဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။
(၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ (ILC) မှာ အလုပ်သမားအခွင့်အရေး နဲ့ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ မြန်မာစစ်ကောင်စီကို ILO Article 33 အရ ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ဒီအရေးယူမှုဟာ လေယာဉ်ဆီ တင်သွင်းခွင့်နဲ့ စစ်တပ်ရဲ့ အကျိုးစီးပွားတွေကိုပစ်မှတ်ထားတာဖြစ်ပြီး ဦးပိုင်ကုမ္ပဏီ၊ စစ်ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေပိုင်တဲ့ ကုမ္ပဏီတွေ၊ စစ်တပ်နဲ့အကျိုးစီးပွားပတ်သက်ဆက်နွယ်နေတဲ့ သူတွေကို အဓိက အရေးယူသွားဖို့ ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်က ဆိုပါတယ်။
မြန်မာနိုင်ငံကို ILO Article 33 နဲ့ အရေးယူဒဏ်ခတ်မှုဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၀၀ ခုနှစ် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်က တကြိမ် အရေးယူခဲ့ဖူးပါတယ်။
စစ်ကောင်စီ မြန်မာနိုင်ငံကို ILO Article 33 အရ အရေးယူဖို့ အလုပ်သမားအရေးဆောင်ရွက်သူတွေ ၄ နှစ်ကြာ တောင်းဆိုခဲ့ကြရတာဖြစ်ပြီး အခုလိုအရေးယူမှုမှာ ဘယ်လိုတွေသက်ရောက်နိုင်လဲ ဘယ်လိုအရေးယူမှာလဲဆိုတာတွေနဲ့ပတ်သက်ပြီး CTUM ဥက္ကဋ္ဌ ဦးမောင်မောင်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။
#မြန်မာ #ဧရာဝတီ #ILO #Article33 #စစ်ကောင်စီ #CTUM #ဦးမောင်မောင် #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy