MENU

Fun & Interesting

ဇာတ်မင်းသားဖြစ်ချင်ပေမယ့် နတ်နဲ့ဇာတ်ကို မခွဲတတ်တာနေ နတ်ကတော်ဖြစ်လာခဲ့သူ ကန္နားစီး ခေတ္တရာ စိုးစိုး

Mercury Variety 21,899 lượt xem 1 year ago
Video Not Working? Fix It Now

ဇာတ်မင်းသားဖြစ်ချင်ပေမယ့် နတ်နဲ့ဇာတ်ကို မခွဲတတ်တာနေ နတ်ကတော်ဖြစ်လာခဲ့သူ ရွှေတိုက်စာရင်းဝင် ကန္နားစီး ခေတ္တရာ စိုးစိုး
---------------
ခေတ္တရာ စိုးစိုး။ ခေတ္တရာစိုးစိုးက ရွှေတိုက်စာရင်းဝင်ကန္နားစီး ပါ။ ဒါပေမဲ့ ခေတ္တရာ စိုးစိုးရဲ့နတ်ကတော်ဘဝဆီ ရောက်လာပုံက ထူးခြားလွန်းလှပါတယ်။ နတ်ကတော်စိုးစိုးဟာ နတ်ကတော် ဖြစ်ချင်ခဲ့တာ မဟုတ်ဘူး။ သူ တကယ်ဖြစ်ချင်ခဲ့တာက ဇာတ်မင်းသားဖြစ်ပါတယ်။ ဒါပေမဲ့ ဘဝက ဆန်းကြယ်တယ်လို့ ပြောရမလားပါပဲ။ နတ်နဲ့ဇာတ်ကို မခွဲခြားတတ်တာကနေပြီး ခေတ္တရာ စိုးစိုးဟာ နတ်ကတော်အဖြစ်ကို ရောက်လာခဲ့တာပါ။ ဒါပေမဲ့ ကံစပ်တယ် ပြောရလေမလားပါပဲ။ ရွှေတိုက်စာရင်းဝင် ကန္နားစီး ခေတ္တရာ စိုးစိုးဆိုတဲ့ နာမည်တစ်လုံးနဲ့ အောင်မြင်သူဖြစ်လာခဲ့တာပါ။ ငါးတန်းကျောင်းသားဘဝတုန်းက ငါးတန်းအောင်ရင် ပန်တျာကျောင်းတက်လို့ရတယ်ဆိုတော့ က,ရရင် ပြီးရော၊ က,ရတာကို ဝါသနာပါတယ်ဆိုတဲ့အတွေးနဲ့ ဇာတ်မင်းသားဖြစ်ဖို့ကိုပဲ ခေတ္တရာ စိုးစိုးက စိတ်ကူးနေခဲ့တာပါ။ အဲ့ဒီနောက်မှာ နတ်ကတော်တွေနဲ့ဆုံတော့ နတ်ကတာလည်း က,ရတယ်ဆိုတော့ နတ်နဲ့ဇာတ်ကို မခွဲခြားတတ်ဘဲ နတ်ကတော်တွေရဲ့နောက်ကိုလိုက်ကာ နတ်ကရင်း နတ်ကတော်ဘဝကို မမျှော်လင့်ဘဲ ရောက်သွားခဲ့တာဖြစ်ပါတယ်။ ဇာတ်မင်းသား အရမ်းဖြစ်ချင်ခဲ့တဲ့သူက ကံကြမ္မာအလှည့်အပြောင်းကြောင့် မထင်မှတ်ဘဲ နတ်ကတော်ဘဝကို ရောက်သွားခဲ့ရပြီး အောင်မြင်တဲ့ နတ်ကတော်ဖြစ်လာခဲ့သူ ရွှေတိုက်စာရင်းဝင် ကန္နားစီး ခေတ္တရာ စိုးစိုးရဲ့ဘဝဇာတ်လမ်းကို Mercury Variety ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Comment