သူ့လိုဖြစ်ချင်ရင်တော့ သူ့လိုတွေးမှရမယ် . . .
ဆရာဝန်က ဆရာဝန်လိုပဲတွေးမှာပဲ . . . ကျောင်းဆရာက ကျောင်းဆရာလိုပဲ တွေးမှာပဲ . . . မိဘက မိဘလိုပဲတွေးမှာပဲ . . . သားသမီးက သားသမီးလိုပဲတွေးမှာပဲ . . . ကားဆရာက ကားဆရာလိုပဲတွေးမှာပဲ . . . စီးပွါးရေးသမားက စီးပွါးရေးလိုပဲ တွေးမှာပဲ . . . အလုပ်ရှင်က အလုပ်ရှင်လိုတွေးပြီး . . . ဝန်ထမ်းကတော့ ဝန်ထမ်းလိုပဲတွေးမှာပါပဲ . . . ဂျပန်ကတော့ ဂျပန်လိုပဲ တွေးမှာပဲ . . . မြန်မာကတော့ မြန်မာလိုပဲတွေးမှာပဲ . . .
အတွေးတွေက မှန်နေပေမယ့် ဆရာဝန်တစ်ယောက်က စီးပွါးရေးနယ်ထဲဝင်ရောက်ချင်ရင်တော့ စီးပွါးရေးသမားလို တွေးမှရပါလိမ့်မယ် . . . ဆရာဝန်လိုဆက်တွေးပြီး စီးပွါးရေးလုပ်မိရင်တော့ ပြဿနာစတာပဲ . . .
အဲ့လိုပါပဲ လုပ်ငန်းရှင်က လုပ်ငန်းရှင်လိုမတွေးပဲ ဝန်ထမ်းလိုတွေးတာနဲ့ ပြဿနာစတာပဲ . . .
ဝန်ထမ်းကလည်း ဝန်ထမ်းလိုမတွေးပဲ လုပ်ငန်းရှင်လိုတွေးတာနဲ့ ပြဿနာစပြီ . . .
ဂျပန်ရောက်ပြီး ဂျပန်လိုမတွေးပဲ မြန်မာလိုတွေးပြီးနေထိုင်ရင်တော့ ပြဿနာစပါပြီ . . . ( ဂျပန်နိုင်ငံမှာ ဂျပန်ရဲ့ စည်းကမ်းတွေ နည်းလမ်းတွေကို လိုက်နာရတယ်ဆိုကတည်းက ဂျပန်လို တွေးတက်ကြဖို့ပါ )
ဆိုတော့ ကိုယ်ဘယ်နေရာကို ရောက်နေတာလဲ ကြည့်ပြီး ရောက်နေတဲ့နေရာမှာလို တွေးတက်ဖို့လိုပါတယ် . . .
ရောက်နေတဲ့ နေရာအလိုက်တွေးတောနေထိုင်တက်ဖို့ လွန်စွာမှအရေးကြီးလှပါတယ် . . .
သူ့လိုဖြစ်ချင်ပေမယ့် ကိုယ့်ရဲ့ပုံစံနဲ့ပဲတွေးနေရင် သူ့လိုဘယ်တော့မှ ဖြစ်မလာပါဘူး . . .
အတွေးတွေကနေ အလုပ်တွေကို ဖန်တီးပုံဖော်ပါတယ်၊ အလုပ်တွေကပဲ ရလာဒ်တွေကို ဖော်ဆောင်ပေးပါတယ် . . .
ဒီနေ့မှာ အောင်မြင်လိုသူတိုင်း ချမ်းသာကြွယ်ဝလိုသူတိုင်း သိထားရမယ့် တန်ဖိုးကြီးအကြောင်းအရာတွေကို ပြောပြပေးသွားမှာပါ
ကြည့်ကြရအောင်
#အ_လီ_ဘာ_ဘာ_စာ_ကြည့်_တိုက်
#အ_လီ_ဘာ_ဘာ