ယိုင်တဲ့ဘက် လဲမယ်
#သဲအင်းဂူဆရာတော်ဘုရားကြီး
#တရားတော်များ
#ဗဟုသုတ_channel
. "နေဝန်းတစ်ဆူ💥သဲအင်းဂူ"
"ခန္ဓာကြီးကို ညှင်းနေတာတဲ့လား"
သဲအင်းကျင့်တာ ခန္ဓာကြီးကို ညှင်းနေတာတဲ့။
၃ နာရီ ၄ နာရီ ၅ နာရီထိုင်တယ်
ခန္ဓာကြီး ညှင်းနေတာတဲ့ ။
သူများ လက်ညှိးတစ်ချောင်း ထိုးတယ် ။
ကိုယ့်ဖက် လက်ညှိး ၃ ချောင်း ထိုးခံရတာ
မသိဘူး ။
ထိုင်တာ ကြာတော့ ဝေဒနာတက်လာမယ်
ဒီတော့ "နာတာ" မခံနိုင်လို့ ပြင်လိုက်မယ်
သည်းမခံနိုင်လို့ "ဒေါသ"ပါပြီး ပြင်တယ်။
ဒါ "ကာမသုခလိက နုယောဂ"အကျင့်
မဟုတ်လား ။
သည်းမခံနိုင်တာ ဒေါသ ။
နာတာကို သည်းမခံနိုင်လို့ ဒေါသနဲ့
ပြင်လိုက်တာ ။
ဘုရားက သည်းခံရင် နိဗ္ဗာန်ရောက်မယ်
ဟောတယ် ။
ဒီမှာ သည်းမခံနိုင်ဘူး ။
သဲအင်းဂူက"အတ္တကိလမထ နုယောဂ"တဲ့ ။
တို့က မလုပ်နိုင်ဘူးတဲ့ ။
မခံနိုင်ဘူးတဲ့ ။
ဝေဒနာကိုမခံနိုင် သေခါနီးကြ အော်ဟစ်
သေရမယ် ။ သေခါနီးကြ မသက်သာဘူး ။
သေခါနီးကြ အော်ဟစ်ငြီးညူနေကြည့်။
သွားတော့မယ် ။
မခံစားချင်ဖူး ဆိုတာ ဒေါသ ။
ကပ်ငြိမိလျှင် လောဘ နဲ့ သွားတော့မယ် ။
အဲဒီ့စိတ်နဲ့သာ ချုပ်ကြည့် ။
စိတ်သာချနေ ။
🌼သပိတ်မသွပ်နဲ့တော့........ ။
🌼ပရိတ် ရွတ်မနေနဲ့တော့....... ။
အပါယ်လေးပါး စုန်းစုန်းမြုပ်တော့မယ် ။
အရိယာ သူတော်ကောင်းကြီးတွေက
ဝေဒနာတွေ ဘယ်လောက်
ပြင်းထန် ပြင်းထန်
စိတ် ပြောင်းပစ်လိုက်တယ် ။
စျာန်စိတ်တွေ ပြောင်းပစ်လိုက်တာ ။
ပူချင်တာ ပူချင်သလောက်ပူ
ပူတာကို ဖျောက်ပစ်လိုက်တယ် ။
ကိုက်ချင်တာကိုက် ကြိုက်သလောက်ကိုက်
ကိုက်တာကို ဖျောက်ပစ်လိုက်တယ် ။
စိတ်ပြောင်းလိုက်တာ ။
စျာန်စိတ်တွေဖြစ်ပြီ ။
ဒါ စိတ်အလုပ်တွေ ။
အဲဒါကြောင့်
ဝိပသနာ ရှု့နေတဲ့ယောဂီကြတော့
စိတ် ပြောင်းတတ်တယ် ။
တင်းတယ်ဆိုတဲ့ ဝေဒနာ
တောင့်တယ်ဆိုတဲ့ ဝေဒနာ
ဥပါဒါန်ဖြစ်နေတဲ့ စိတ်တွေကို
ပြောင်းပစ်တတ်တယ် ။
အဘိညာဉ် သဘောကိုး....... ။
အဲဒီ့ကြောင့်
ဝေဒနာ မခံနိုင်တဲ့ပုဂ္ဂိုလ်တွေဟာ
သေခါနီးဆဲဆဲကြ သိရော ။
အကျိုးသင်္ခါရ ဒုက္ဓ ဆိုတဲ့
တောင့်တယ် တင်းတယ် နာတယ် ဆိုတာဘဲ
သိနေသေးလို့ရှိလျှင်
အကျိုး #သင်္ခါရ ဒုက္ခ သစ္စာကြီး
ခန္ဓာ ၅ ပါးကြီးကိုဘဲ ပြန်ရနေဦးမှာပဲ ။
ဒီအပေါ်မှာ
တကယ်ရှိနေတဲ့ သဘောတရားက
ဘာလဲဆိုတော့.....
'တင်းတယ် တောင့်တယ် ထုံတယ်
ကျဉ်တယ်' ဆိုတဲ့ သဘောက
တကယ်ရှိတဲ့ သဘောက ပထဝီ တေဇော
အာပေါ ဝါယော မဟာဘူတရုပ် ၄ ပါး ရဲ့
ပြောင်းနေတတ်တဲ့ သဘော ။
ဝိပရိဏာမ သဘော ။
သူ့အလုပ်သူ လုပ်နေတတ်တဲ့
သဘောပါလား ။
ပထဝီ ဓါတ်ကလဲ သူ့အလုပ်သူ လုပ်တယ် ။
နူးညံ့တာကနေ မာခြင်း တောင့်ခြင်း
တင်းခြင်း သဘောတွေ ဖြစ်လာတယ် ။
ဒါက ဉာဏ်ကြီးတဲ့ ပုဂ္ဂိုလ်က
သမာဓိကောင်းတဲ့အခါ #ခန္ဓာကိုကြည့်မယ် ။
ဘယ်လို ကြည့်မလဲ....... ။
ဓါတ် ၄ ပါး အကြောင်း အကျိုးကို ရှာမယ် ။
နူးညံ့တဲ့သဘော က အာပေါနဲ့ပထဝီ အမှုန်နဲ့
ဆက်စပ်နေတဲ့အခါ နူးညံ့တဲ့သဘော
ဖြစ်နေတယ် ။
အင်မတန် #သမာဓိကောင်းတဲ့ ပုဂ္ဂိုလ်က
ဉာဏ်နဲ့ ကြည့်နေပြီ ။
#နူးညံ့တာကနေ မာလာတယ် ။
ဟော..... မာလာတယ် ။
မာခြင်း အကြောင်းရင်းကို ရှာပြီ ။
သီတ တေဇောသည် အာပေါကို
စေးကပ်ဖွဲ့စည်း ပေးလို့ပါလား တဲ့။
အေးနေအောင် လုပ်ပေးနေပြီး နောက်ကနေ
ဝါယောက ငြိမ်ဝပ်ပိပြားပြီး ထောက်ကန်ပေးနေလို့ပါလား ။
ပထဝီအမှုန်သည် အာပေါက ဖွဲ့စည်းပေးတယ် ။
အာပေါကို သီတ တေဇောက အေးနေအောင် လုပ်တယ် ။
ဝါယောက ထောက်ခံ မပေးဘူး ။
တင်းခံပေးတယ် ။
ဟော ဓါတ်ကြီး ၄ ပါး တစ်ထပ်တည်း
ဖြစ်နေပါလား ။
ငါးများ ရေခဲရိုက်ထား မာ မနေဖူးလား ။
#ခန္ဓာငါးပါး ဝိပရိဏာမ သဘော ။
#ဝိပဿနာပုဂ္ဂိုလ်က သိတယ် ။
အရေးကြီးဆုံးအချက်က ဘာလဲ....... ။
💥#သဘောကို သိဖို့ ။
💥#လက္ခဏာ သိဖို့လိုတယ် ။
ရုပ်ကလည်း အစဉ် ပြောင်းရွှေ့နေတယ် ။
နာမ်ကလည်း အစဉ် ပြောင်းရွှေ့နေတယ် ။
ရုပ်ဝေဒနာ နာမ်ခံစား နေတာ ။
ခံစားတဲ သဘောက ဘာလဲ ။
ဝေဒနာဘဲ ရှိတယ် ။
တင်းတဲ့သဘောကလဲ ခံစားမှု့မို့ ဝေဒနာ ။
တောင့်တဲ့သဘောကလဲ ခံစားမှု့မို့ ဝေဒနာ ။
ထုံတာလည်း ဝေဒနာ ။
ကျပ်တာလည်း ဝေဒနာ ။
အောင့်တာလည်း ဝေဒနာ ။
ပူတာလည်း ဝေဒနာ
ယားတာလည်း ဝေဒနာ ။
အေးတာလည်း ဝေဒနာ ။
ဝေဒနာတစ်လုံးထဲ သိ
သညာနဲ့ သင်္ခါရ ချုပ်တယ် ။
မြင်တာလည်း ဝေဒနာ
ကြားတာလည်း ဝေဒနာ
နံတာလည်း ဝေဒနာ
စားတာလည်း ဝေဒနာ ။
ရုပ်ဖောက်ပြန် နာမ် ခံစားနေတာ ။
ဝေဒနာ ကျန်နေတယ် ။
သညာ သင်္ခါရ ချုပ်နေတယ် ။
ဝေဒနာက တဏှာ မကူးတော့ဘူး ။
ဝေဒနာချုပ်တာမြင် နိဗ္ဗာန် ဉာဏ်မှာမြင် ။
#ဥပါဒါန်ချုပ်တာမြင် နိဗ္ဗာန် ဉာဏ်မှာမြင် ။
#ဓါတ်ကြီး၄ပါး ခံစားမှု့အပေါ်က ဝေဒနာ ။
ဥပေက္ခာဝေဒနာ
#သုခဝေဒနာ
#ဒုက္ခဝေဒနာ ။
ဝေဒနာ တကယ်ရှိတဲ့တရားက ဘာလဲ ။
တကယ်ရှိတဲ့တရားက နာမ်ပါလား ။
နာမ်ကရော တကယ်ရှိတဲ့တရားက ဘာလဲ။
နာမ်ကလည်း အစဉ်ပြောင်းလဲ
ရွေ့လျားတတ်ပါလား ။
ဖောက်ပြန်ပြောင်းလဲ ဝိပရိဏာမ ဖြစ်နေပါလား။
#ဖောက်ပြန်တယ် #ခံစားတယ် ။
#ရုပ်ဓမ္မ #နာမ်ဓမ္မ ပါလား ။
ဖောက်ပြန်တယ် ခံစားတယ် ဒီလက္ခဏာ
၂ ပါးသာ ရှိနေပါလား ။
ရုပ်ဓမ္မ နာမ်ဓမ္မ ကိုသိသွားပြီ ။
💦သဗ္ဗေ သင်္ခါရ အနိစ္စ
💦သဗ္ဗေ သင်္ခါရ ဒုက္ခ
💦သဗ္ဗေ သင်္ခါရ အနတ္တ
ပါလား ။
ကျေးဇူးတော်ရှင်
သဲအင်းဂူဆရာတော်ဘုရား၏
"လဗိမာန် လနိဗ္ဗာန်"တရားတော် မှ ။
မှတ်ချက်... ပြန်လည်ကူးယူ
ဖေါ်ပြအပ်ပါသည်။
ထိ.သိ.သတိ
🙏Crd: ဇော်နိုင်(မန်းတလေး)🙏
"Pu Tu Credit"
Copy Link
https://m.facebook.com/story.php?story_fbid=1463450663811153&id=100004387002448
"လဗိမာန် လနိဗ္ဗာန်"တရားတော်မြတ်ကြီး
"အစ အဆုံး"
https://m.facebook.com/groups/490203222102998/permalink/579872879802698/
https://youtube.com/c/SamsaraVisitor