တုတ်ကောက်ကြီးကိုင်ပြီး ရောက်လာတဲ့ ဗိုလ်ချုပ်ကို မောင်းထုတ်ခဲ့မိတဲ့ ဗိုလ်တိုက်ချွန်း
အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်းကို ၁၉၂၃ခုနှစ် ချင်းပြည်နယ် လွီဗန်းတစ်ရွာမှာ မွေးဖွားခဲ့ပါတယ်။ ၁၉၃၉ မှာ ဗြိတိသျှတပ်မတော်သို့ ဝင်ရောက်အမှုထမ်းခဲ့ပြီးလွတ်လပ်ရေးရပြီးနောက် မြန်မာ့တပ်မတော်မှာ ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
အင်းစိန်တဝိုက်တိုက်ပွဲတွေမှာ ဗိုလ်တိုက်ချွန်းရဲ့ သက်စွန့်ဆံဖျား တာဝန်ထမ်းဆောင်ခဲ့မှုကြောင့် ၁၉၄၉ ခုနှစ််််မှ သူရဘွဲ့နှင့် ၁၉၅၀မှာ အောင်ဆန်းသူရိယဘွဲ့ကို ရရှိခဲ့ပါတယ်။ မြန်မာပြည်မှာ အောင်ဆန်းသူရိယဘွဲ့ ရရှိသူ (၆) ဦးအနက် ဗိုလ်တိုက်ချွန်းတစ်ယောက်သာ အသက်ရှင်လျက် ဆုရရှိခဲ့သူဖြစ်ပါတယ်။
၁၉၆၂ မှာ တပ်မတော်မှ အငြိမ်းစားယူခဲ့ပြီီး ဖေဖော်ဝါရီ ၁၈၊ ၁၉၈၈ခုနှစ်မှာအစာအိမ်ရောဂါကြောင့် ခရစ်တော်မှာ အိပ်စက်အနားယူခဲ့ပါတယ်။
ဒီဗီဒီယိုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် Like နဲ့ Subscribe လုပ်ခဲ့ပေးပါဦးနော်။
အကြံပြုစရာ၊ဝေဖန်စရာများ ရှိပါက Comment မှာ ပြောခဲ့ပေးနိုင်ပါတယ်။ အကြံပေးမှုများ ဝေဖန်မှုများကို အလေးအနက်ထားပြီး နောက်ဗီဒီယိုများမှာ ပိုမိုကောင်းမွန်အောင် ကြိုးစားဖန်တီးသွားပါမယ်။
ကြည့်ရှုပေးတဲ့အတွက် အားလုံံံံံးကို ကျေးဇူးအထူးတင်ရှိပါတယ်။