MENU

Fun & Interesting

မိမိဘက်က မှန်ကန်နေပါလျှက် မတရားသ​​ဖြင့် ဒုက္ခပေးခံရတဲ့အခါ ...

Thuta Sann 307,743 4 years ago
Video Not Working? Fix It Now

ကျနော်တို့ ကောင်းတာလုပ်ကြတယ်။ မှန်မှန်ကန်ကန်နေကြတယ်။ သူများအပေါ် မယုတ်မာဘူး။ ဒုက္ခမပေးဘူး။ ဒါပေမယ့် ကျနော်တို့ကို အကြောင်းမဲ့တိုက်ခိုက်နေကြတယ်။ ဒုက္ခပေးကြတယ်။ ပြဿနာအမျိုးမျိုးလုပ်နေကြတယ်ဆိုရင် ကျနော်တို့လုပ်လို့ရတာက... ( ၁ ) သည်းခံမယ်။ ( ၂ ) မေတ္တာထားမယ်။ ( ၃ ) တန်ပြန်ကာကွယ်မှုလုပ်မယ်။ ဒါပေမယ့် တချို့သောအကြောင်းအရာတွေဟာ သည်းခံနေရုံနဲ့မပြီးဘူး။ မေတ္တာထားလို့လည်းမရဘူးဆိုရင် ကျနော်တို့ လုပ်စရာက တချက်ပဲရှိတော့မယ်။ တန်ပြန်ကာကွယ်လိုက်ရုံပေါ့။ ဒီလိုတန်ပြန်ကာကွယ်လိုက်တာဟာ တန်ပြန်တိုက်ခိုက်တာမဟုတ်ဘူးနော်။ ကျနော် ခုပြောပြထားတဲ့ ဂမ္ဘီရနည်းဟာ ကိုယ့်ဘက်ကမမှန်မကန်ပဲ မတရားသဖြင့်သက်သက်နဲ့တော့ သွားလုပ်လို့မရပါဘူး။ လုပ်လည်းမစွမ်းပါဘူး။ ကိုယ့်ဘက်က မတရားခံရတာလည်းမှန်တယ်။ ကိုယ်ကလည်း မှန်အောင်နေတယ်ဆိုရင်တော့ ပြုလုပ်နိုင်ပါတယ်။ အသေးစိတ်ကိုတော့ Video လေးထဲမှာရှင်းပြပေးထားပါတယ်။ နားမလည်တာရှိရင် မေးပေါ့ဗျာ....

Comment