MENU

Fun & Interesting

နှစ်ပေါင်း(၁၃၀)ကျော်ပြီဖြစ်တဲ့ သီပေါမင်းရဲ့ စတုတ္ထသမီးတော်ဆောင်ဆီသို့...

Cele Gabar 159,406 lượt xem 1 month ago
Video Not Working? Fix It Now

၁၉၁၆ တွင် သီပေါမင်း နတ်ရွာစံပြီး သုံးနှစ်အကြာ ပထမကမ္ဘာစစ်ပြီးဆုံးပြီးနောက်တွင် ဗြိတိသျှအစိုးရက မိဖုရား စုဘုရားလတ်နှင့် သမီးတော်များကို ရန်ကုန်သို့ ပြန်လာခွင့်ပြုခဲ့ပါတယ်...
မယ်တော်နတ်ရွာစံသွားပြီးနောက် တတိယသမီးတော်နှင့် စတုတ္ထသမီးတော်တို့က မန္တလေးသို့ ပြောင်းရွှေ့ခဲ့ကြပါတယ်...
သမီးတော်များထဲတွင် စတုတ္ထသမီးတော်က ထက်မြက်ပြီး မင်းသမီး၏ စာတမ်းကြောင့် ဗြိတိသျှအစိုးရ၏ အထူးစောင့်ကြည့်မှုကိုခံရသလို မြန်မာနန်းတွင်းအသိုင်းအဝိုင်းနှင့် အဆက်သွယ်ဖြတ်ရန် မော်လမြိုင်သို့ ပြောင်းရွှေ့ထားခြင်းခံခဲ့ရပါတယ်...
ရွှေ့ပြောင်းမှုကို လက်မခံသည့် မင်းသမီးအား ပင်စင်ငွေရုပ်သိမ်းသည့်အတွက် သားတော် သမီးတော်များကို လုပ်ကိုင်ကျွေးမွေးရန် ခက်ခဲလာသဖြင့် လက်လျှော့လိုက်ပြီး ဗြိတိသျှအလိုကျ မော်လမြိုင်သို့ပြောင်းခဲ့ပါတယ်...
မင်းသမီးသည် ဆွေတော်မျိုးတော်များနှင့်ဝေးကွာရာ အောက်အရပ်တွင် နေပျော်ဟန် မရှိခဲ့ပါဘူး...
တစ်ဖက်တွင်လည်း အိမ်ထောင်ရေးမသာယာခဲ့သည့်အတွက် စိတ်ပိုင်းဆိုင်ရာပင်ပန်းနွမ်းနယ်ပြီး အသက် (၄၉)နှစ်အရွယ်မှာပဲ မင်းသမီး မပျော်တဲ့ ဒီအိမ်တော်ကြီးမှာ ကံတော်ကုန်ခဲ့ပါတယ်...
မော်လမြိုင်မြို့သူမြို့သားများကတော့ ဘုရင့်သမီးတော်ရဲ့ စျာပနအခမ်းအနားကို ရဟန်းရှင်လူ ထောင်ပေါင်းများစွာနှင့် မြို့လုံးကျွတ်လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်...
ရန်ကုန်မြို့ရှိ မယ်တော်ဖြစ်သူ စုဖုရားလတ်ရဲ့အုတ်ဂူနဲ့လည်း အတူထားခွင့်မပြုခဲ့တာကြောင့် မော်လမြိုင်မြို့ ကျိုက်သလ္လန်ဘုရားသွားရာလမ်းမှာပဲ အုတ်ဂူပြာသာဒ်ကို ပြုလုပ်ခဲ့ပါတယ်...
စတုတ္ထသမီးတော် ထာဝရလဲလျောင်းရာ အုတ်ဂူပြာသာဒ်ဟာဆိုရင် ဘဝအနိမ့်အမြင့်ကို ကြမ်းတမ်းစွာဖြတ်သန်းခဲ့ရတဲ့ ဘုရင့်သမီးတော်တစ်ပါးရဲ့ ဘဝပုံရိပ်ကို သတိရမိစေပါတယ်...
#CG #CeleGabar #ဆယ်လီကမ္ဘာ #ဆယ်လီသတင်း #myanmarceles #myanmarcelenews #သီပေါမင်း #စုဖုရားလတ် #သီပေါမင်းရဲ့စတုတ္ထသမီးတော်

Comment