MENU

Fun & Interesting

မြန်မာအမျိုးသမီးအသင်း ရှုံးပွဲမရှိမှတ်တမ်းနဲ့ ချန်ပီယံဖြစ်ပြီ

Special Tipper Channel 6,923 11 hours ago
Video Not Working? Fix It Now

မြန်မာအမျိုးသမီးအသင်း ရှုံးပွဲမရှိမှတ်တမ်းနဲ့ ချန်ပီယံဖြစ်ပြီ ---------------- နီပေါနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ လေးနိုင်ငံဖိတ်ခေါ်ဖလား ‌ေ၊ဘာလုံးပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ချန်ပီယံဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။ ဒီညမှာ ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားခဲ့ရပြီး မြန်မာအမျိုးသမီးအသင်းက အိမ်ရှင် နီပေါအမျိုးသမီးအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ အိမ်ရှင်နီပေါအမျိုးသမီးအသင်းကို နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ချန်ပီယံဆုဖလားကြီးကို ကိုင်မြှောက်ခွင့်ရသွားခဲ့တာပါ။ မြန်မာအမျိုးသမီးအသင်းအတွက် အနိုင်ဂိုးတွေကို ရူပါခိုင်နဲ့ ဝင်းသိင်္ဂီထွန်းတို့က သွင်းယူပေးခဲ့ကြပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ ချန်ပီယံဆုဖလားကြီးကို ရှုံးပွဲမရှိမှတ်တမ်းနဲ့ ရယူပြနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Comment