느라고 ကတော့ ကြိယာနောက်ဆက် စကားလုံးဖြစ်ပြီး လို့၊ ကြောင့် စသည်ဖြင့် အဓိပ္ပါယ်ရပါတယ်။ ဝါကျတွင် ထည့်သွင်းပြောဆိုလိုက်တဲ့အခါ မကောင်းတဲ့ဖက် သို့မဟုတ် ဆိုးတဲ့ဖက်ကို ပိုပြီး အဓိပ္ပါယ် သက်ရောက်စေပါတယ်။ ဥပမာ ကျွန်တော် ဖုန်းပြောနေလို့ အခုမအားသေးဘူး ဆိုတဲ့ ဝါကျမှာ မအားသေးဘူးဆိုတဲ့ ငြင်းဆိုတဲ့ အခြေအနေကို ဖော်ပြလိုတဲ့အခါ အသုံးပြုတာမျိုး ဖြစ်ပါတယ်။