MENU

Fun & Interesting

အစ္စလာမ်သမိုင်း အနှစ်ချုပ် (အေဒီ ၆၃၂ - ၂၀၂၄)

KT Media (Myanmar) 23,908 6 months ago
Video Not Working? Fix It Now

ကျွန်တော်တို့ ကေတီမီဒီယာကနေ တင်ဆက်နေသမျှ ဗွီဒီယိုများကို ကြည့်ရှုအားပေးနေကြတဲ့ ပုရိသတ် ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးဥပကာယတင်ရှိပါကြောင်း အသိပေးအကြောင်း ကြားအပ်ပါတယ်။ ကျွန် တော်တို့ မီဒီယာက ပုရိသတ်အားပေးမှုတစ်ခုတည်းနဲ့ ရှင်သန်ရပ်တည်နေတာ ဖြစ်ပါတယ်။ ကျွန်တော် တို့ရဲ့ ရည်ရွယ်ချက်အတိုင်း ကမ္ဘာ့စာပေတွေနဲ့ မှတ်တမ်းတင်အတည်ပြုထားတဲ့ ကျွန်တော်တို့ လူသားတို့ ရဲ့သမိုင်း၊ လူ့အဖွဲ့အစည်းများဖွံ့ဖြိုးတိုးတက်လာကြပုံ၊ ဘုရင့်နိုင်ငံတွေ၊ အင်ပါယာတွေ၊ လူ့အဖွဲ့အစည်း တွေ ရဲ့ အတက်နဲ့အကျ၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေ၊ ကိုးကွယ်ယုံကြည်မှု နဲ့ အတွေး အခေါ် စသည်ဖြင့် ကောင်းနိုးရာရာ တို့ကို ပညာတတ်မျိုးဆက်သစ် ကျောင်းသားလူငယ်များ၊ သမိုင်းကို စိတ်ဝင် စားသူများ၊ ကမ္ဘာ့ပထဝီ နိုင်ငံရေးကို စိတ်ဝင်စားသူများ နဲ့ လူဟာအမြဲသင်ယူဆည်းပူးနေဖို့လိုတယ်လို့ သိကြသူ အဆင့်မြင်ပညာရေးထိသင်ယူဆည်းပူးခဲ့ကြသူများအတွက် ရှာရှာဖွေဖွေ စုစည်းတင်ပြနေပါ တယ်။ ကျွန်တော်တို့ တင်ဆက်မှုတွေကနေ မျိုးဆက်သစ် လူငယ်များအနေနဲ့ ကိုယ်တွေ ဆက်လက် အသက်ရှင်ရတည်ရမယ့် ကိုယ့်လူ့အဖွဲ့အစည်းနဲ့ ကမ္ဘာ့လူမှုပတ်ဝန်းကျင်ကြီးကို နေချင်စဖွယ် လူ့ဘောင် အဖြစ်၊ ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးအဖြစ် ဖန်တီးနိုင်ကြဖို့ မြူမှုံလေးတစ်မှုံစာလောက်ဖြစ်ဖြစ် အသိအ မြင်တွေ တိုးပွားလာခဲ့တယ်ဆိုရင် ကျွန်တော်တို့ ပင်ပန်းရကျိုး နပ်ပါတယ်။ လူသားတွေ အသက်ရှင် ရပ် တည်နေကြရာ ကမ္ဘာကြီးကို နေချင်ဖွယ်ကမ္ဘာကြီးအဖြစ် ဖန်တီးဖို့ လူတိုင်းမှာတာဝန်ရှိကြသလို ကိုယ်မရှိ တော့မယ့် ကမ္ဘာကြီးကို လူတွေအသက်ရှင်တည်ဖို့ ခက်ခဲသွားမယ့် ကမ္ဘာကြီးအဖြစ် ရုပ်ဆိုးအကျည်းတန် သွားအောင် မလုပ်ကြဖို့လည်း လူတိုင်းမှာတာဝန်ရှိပါတယ်။ အစ္စလာမ်ဆိုတာ ဘာလဲ။ ဘာသာတရားလား။ ယဉ်ကျေးမှုလား။ လူ့အဖွဲ့အစည်းလား။ ဘဂ္ဂဒက်၊ ဒမတ်စကတ်၊ ကိုင်ရို တို့ဟာ ကမ္ဘာမှာ ချမ်းသာကြွယ်ဝဆုံး၊ ကမ္ဘာ့လူသားတို့ ပညာဆည်းပူကြရာဆုံးမှတ်၊ အသိပညာရှင် အတတ်ပညာရှင်တို့ မွေးဖွားပေးရာဌာန ဖြစ်ခဲ့စဉ် ဥပ‌ရောပက အမှောင်ခေတ် Dark Age အတွင်း အရိုင်းအစိုင်းဘဝကနေ ရုန်းထွက်နိုင်ကြဖို့ လမ်းပျောက်နေကြဆဲ ဖြစ်ပါတယ်။ အရဗ်တို့က ရေ ကြည်ရာမျက်နုရာ လှည့်လယ်သွားလာနေကြတဲ့ မျိုးနွယ်စုဘဝကနေ မျိုးဆက်တစ်ဆက်အတွင်း သူ့ ခေတ်အခါက ကမ္ဘာမှာ ဩဇာတိကမ္ပကြီးမားကြပါပေ့ဆိုတဲ့ ရောမ၊ တရုတ် နဲ့ ပါရှား ဘုရင့်နိုင်ငံတော် တွေ နဲ့ ရင်ဘောင်းတန်း နိုင်တဲ့ အဆင့်သို့ရောက်သွားခဲ့ကြပါတယ်။ ကိုင်ရို၊ ဆမာရာ နဲ့ ကောင်ဒိုဗာ လို ဒီနေ့ထိ ထင်ရှားကျောင်ကြားနေဆဲ နန်းမြို့တော်တွေကို တည်ဆောက်ခဲ့ကြပါတယ်။ ကျွန်တော်တို့ ညဖက်မှာ မြင်တွေ့နေကြတဲ့ ကြယ်တာရာတွေရဲ့ အမည်နာမ သုံးပုံနှစ်ပုံက အရဗီအမည်နာမတွေ ဖြစ်ကြပါတယ်။ စပိန်၊ အီဂျစ်၊ ဆီးရီးယား၊ အီရတ်၊ ပါရှား နဲ့ အိန္ဒိယ တို့မှာ အလွန်အမင်းချမ်းသာကြွယ်ဝတဲ့ အစ္စလာမစ် လူ့အဖွဲ့အစည်းတွေ တည်ဆောက်ခဲ့ကြပါတယ်။ နောက်ဆုံးမှာ အရဗ်တွေကို သဘောကျ နှစ် သက်ကြတဲ့ တာခ်တို့က အရဗ်တွေရဲ့ ခလီဖိတ် ဂုဏ်ပုဒ်ကို ယူသွားခဲ့ကြပါတယ်။ သူတို့ကပဲ ဥရောပ တံခါးကို ဆွဲဖွင့် ခဲ့သူတွေဖြစ်သွားကြပြီး၊ ဥရောပ လူနာကြီးအဖြစ်သို့ မရောက်သွားချိန်ထိ ခေတ်အဆက်ဆက် ဆက်ခံခဲ့ သူတို့ သူ့ထက်ငါအပြိုင် စွမ်းဆောင်မှုအမျိုးမျိုးနဲ့ ကမ္ဘာ့သမိုင်းမှာ ရောင်စုံစာမျက်နှာတွေ ဝေဝေဆာဆာ ရေးထိုးသွားခဲ့ကြပါတယ်။ ဒါကအစ္စလာမ်သမိုင်းအနှစ်ချုပ်ဖြစ်ပါတယ်။ ============== Ref : (1) The History of the Entire Islamic Civilization | 632 CE - 2024 CE by Al-Muqaddimah (2) History of the World by Richard Overy Music: Arabian Nights by Patrick Patrikios Desert Caravan by Aaron Kenny Oud Dance by Doug Maxwell

Comment