နာနာဘာဝတွေခြောက်လှန့်တယ်ဆိုတာ အကြောင်းအမျိုးမျိုးရှိပါတယ်။ သူ့နေရာကို ကျူးကျော်တာမကြိုက်လို့ခြောက်လှန့်မောင်းထုတ်တာ၊ စတဲ့နောက်တဲ့သဘောနဲ့ ခြောက် လှန့်တာ၊ ကျွတ်ချင်လွတ်ချင်လို့ ခြောက်လှန့်အသိပေးတာမျိုးတွေပါပဲ။
သရဲတစ္ဆေဆိုတိုင်းခြောက်လှန့်တတ်ကြတာမျိုးမဟုတ်ပါ။ အချို့နာနာဘာဝတွေဟာ လူ့ဘဝကမိသားစုကို ပြန်လည်စောင့်ရှောက်တတ်သလို ကျေးဇူးရှိထားဖူးတဲ့သူစိမ်းတွေကိုလည်း စောင့်ရှောက်တတ်ကြပါတယ်။
ယခုတင်ဆက်မယ့် ဖြစ်ရပ်မှန်ဇာတ်လမ်းကလည်း လူ့ဘဝတုန်းက ဆွေမျိုးမတော်စပ်၊ ကျေးဇူးခံ ကျေးဇူးစားလည်းမရှိပါဘဲ မိသားစုတစ်စုကို စောင့်ရှောက်နေပါတယ်။ ယခု ဇာတ်လမ်းလေးကိုတော့ တစ္ဆေမိတ်ဆွေလို့အမည်ပေးပြီး ကျွန်တော်ထုတ်ဝေခဲ့တဲ့ လူမိုက် ဝတ္ထုစာအုပ်ထဲမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
ဘယ်လိုစောင့်ရှောက်တယ်ဆိုတာ နားဆင်ကြည့်လိုက်ကြပါစို့......
#layseinentertainment
ပရ၊ ရသဇာတ်လမ်းအသစ်တွေနားဆင်နိုင်ဖို့ ကျွန်တော့်ရဲ့ချယ်နယ်ကို Subscribe လုပ်ထားပေးကြပါခင်ဗျာ။
အသစ်တွေတင်ရင်သိနိုင်ဖို့ ခေါင်းလောင်းလေးကိုလည်း နှိပ်ပေးထားကြပါခင်ဗျာ။
အားပေးနားဆင်နေကြတဲ့ချစ်စွာသောပရိသတ်အပေါင်းကိုကျေးဇူးတင်ပါတယ်။