ဗကပ ကျဆုံးသွားရခြင်း၏ မူလအကြောင်းရင်း / စာရေးသူ မောင်ရင်မောင်
မင်္ဂလာပါ။
ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် အရေးပါသော တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဗြိတိသျှအင်ပါယာကို တိုက်ခိုက်ကာ လွတ်လပ်ရေးရရှိရေးအတွက် ဆောင်ရွက်ခဲ့သည်။ သို့သော် ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ပြီးနောက် ဗကပသည် လက်နက်ကိုင် တော်လှန်ရေး တစ်ခုကို စတင်ခဲ့သည်။
အချိန်ကြာမြင့်သည့်တော်လှန်ရေးများကြောင့် တရုတ်ကွန်မြူနစ်ပါတီ၏ ထောက်ခံမှု လည်း ရရှိခဲ့သော်လည်း ၁၉၈၉ ခုနှစ်တွင် ဗကပ ပြိုကွဲခဲ့သည်။ ဤဗီဒီယိုတွင် ဗကပ၏မူဝါဒများ၊ အရေးပါသော ဖြစ်ရပ်များနှင့် နောက်ဆုံးကျဆုံးသည့် အခြေအနေ များအထိ အသေးစိတ်လေ့လာနိုင်ပါသည်။
ကျွန်တော့် ချန်နယ်မှ တင်ဆက်ပေးသည့် Video များမှာ (လူစိတ်ဝင်စားအောင်ပေးထားသည့် ခေါင်းစဥ်တချို့မှလွဲ၍) စာရေးဆရာ ရေးသားထားသည့်အတိုင်း တင်ဆက်ပေးထားခြင်းပဲ ဖြစ်ပါသည်။
နိုင်ငံအတွင်းမှာ ရှိသည့် မိမိလူမျိုးများကို သမိုင်းအကြောင်းအရာများအား သိစေလိုရင်း ရည်ရွယ်ချက်ဖြင့် တင်ဆက်ပေးခြင်း ဖြစ်ပါသည်။
ဒီဘက်ခေတ်လူအများသည် အကြောင်းကြောင်းကြောင့် စာဖတ်ဖို့ အခက်အခဲများစွာ ရှိနေကြပါသည်။ ဒါကြောင့်သာ ယခုလို စာအုပ်များကို ဖတ်ပြတင်ဆက်ပေးခြင်းဖြစ်ပါသည်။
ဒီလိုဖတ်ပြသည့်အခါ စာရေးဆရာကို ဆက်သွယ်၍ ခွင့်ပြုချက်တောင်းရန်ဆိုသည်မှာ လွယ်မယောင်နှင့် ခက်ပါသည်။ ဆက်သွယ်ရန် ကြိုးစားခဲ့သည်များလည်း ရှိပါသည်။ အခက်အခဲများကြောင့် ဆက်သွယ်၍ မရခဲ့ပါ။
ဆက်သွယ်ပြီး ဆရာကြီးများ၏ ခွင့်ပြုချက်ယူပြီးမှ ဖတ်ပြရမည်ဟု ယတိပြတ်ဆိုလျှင် ယနေ့တိုင်းပြည်အခြေအနေအရ သိသင့်သည့် အသိပညာများကို လူအများ သိရှိဖို့ နောက်ကျသွားမည်ကိုစိုးသဖြင့် ခွင့်ပြုချက်မဲ့ တင်ဆက်မိပါသည်။ ယခုလို တင်ဆက်မိသည့်အတွက် အပြစ်ဟု ဆိုပါလျှင် မိမိတိုင်းပြည်နှင့်လူမျိုးအတွက် အသိဉာဏ်ပေးချင်လွန်းအားကြီးပြီး သိသိလျက်နှင့် မှားမိသော အမှားသာ ဖြစ်ပါကြောင်း ဆရာ့ ဆရာကြီးများကို ရိုသေစွာ ဝန်ချတောင်းပန်ရင်း...
အားလုံးကိုလေးစားလျက်
The Book Reader
---
⏳ ဤဗီဒီယိုတွင် ပါဝင်သော အကြောင်းအရာများ:
✅ ဗိုလ်နေဝင်း ကမ်ပူးချား ခရီးစဥ်
✅ တရုတ်နိုင်ငံရေးနဲ့ ဗကပတို့၏ ရပ်တည်မှု
✅ မဆလ အစိုးရ အာဏာရှင်နေဝင်းရဲ့ ဗကပ တို့အပေါ် စောင့်ကြည့်ခြင်း
✅ ဗိုလ်နေဝင်းရဲ့ တရုတ်အပေါ် ပြောင်းလဲလာသော သဘောထား
✅ ဗကပပြိုကွဲမှု အစ
✅ ရပ်တည်ထောက်ခံချက် အမှားတခုကြောင့် ဗကပ ပြိုကွဲ
🎯 မိမိတို့ သိရှိထားသော အချက်အလက်တို့ကိုလည်း Comment မှာ မျှဝေ သွားနိူင်ပါတယ်။
---
🔔 ကျွန်တော့ရဲ့ Channel ကို Subscribe & Notification On ထားပေးဖို့ မမေ့ပါနဲ့နော်။
📌
#ဗမာပြည်ကွန်မြူနစ်ပါတီ #ဗကပ #မြန်မာ့နိုင်ငံရေးသမိုင်း #တော်လှန်ရေး #မြန်မာ့စစ်ရေးသမိုင်း #MyanmarCommunistParty #BurmeseHistory #PoliticalHistory #ဗိုလ်ချုပ်ကြီးနေဝင်း #နယ်ချဲ့တော်လှန်ရေး #သခင်သန်းထွန်း
#သခင်ဗသိန်းတင် #newin #ကွန်မြူနစ်ဖမ်းပွဲ #မော်စီတုန်း #တိန်ရှောက်ဖိန် #news #history #knowledge #savemyanmar