Andi နဲ့ Puspita တိုလင်မယားက ကလေးမွေးခါနီးအချိန်မို အရမ်းစိတ်လှုပ်ရှားပြီး ပျော်ရွှင်နေကြပါတယ်။ ဖြစ်ချင်တော့ သူတိုသမီးလေး Amilia က မွေးရမယ့်ရက်ထက် တစ်လစောမွေးလာလို Puspita က စိတ်ပူပြီး ဝမ်းဆွဲဆရာမကို မေးမြန်းတော့ ဝမ်းဆွဲဆရာမက ကလေးရဲ့ကျန်းမာရေးအတွက် စိတ်မပူဖိုနဲ့ နေဝင်ချိန်မှာ ကလေးကို အပြင်မှာမထားဖို၊ ခေါင်းအုံးအောက်မှာ ကတ်ကြေးထားပြီးအိပ်ဖိုပဲ မှာသွားပါတယ်။ ဝမ်းဆွဲဆရာမရဲ့ စကားကြောင့် စိတ်ကသိကအောက်ဖြစ်နေတဲ့ Puspita က သူတိုအိမ်ထဲမှာ မိန်းမတစ်ယောက်ကို မြင်လာရပြီး အဲဒီမိန်းမ သားချော့တေးဆိုတဲ့အသံကိုလည်း ကြားလာရပါတယ်။ သူတိုလင်မယားနဲ့ အတူနေတဲ့ သူတိုအမေပါ အဲလိုတွေကြုံလာရတော့ အဲဒီမိန်းမက ဘယ်သူလဲ၊ သူတိုမိသားစုကို ဘာလိုခြောက်လှန့်နေတာလဲဆိုတာကို ဇာတ်ကားထဲမှာ ဆက်ပြီးတော့ အဖြေရှာကြည့်ရအောင်ပါ---
#recap #horror #movie #brs #burmeserecapsstory #entertainment #indonesia #သရဲကား