MENU

Fun & Interesting

☘️အောင်မြင်မှုအိပ်မက်တွေအတွက် လိုက်နာသင့်တဲ့ လျှို့ဝှက်ချက် (၁၀) ချက်📚✨

Video Not Working? Fix It Now

Success Tips for Education & Dream ------------------------------------------------- ✨ တီချယ်ပို့မျှဝေပေးခဲ့တဲ့ အိပ်မက်တွေကို ရှေ့ဆက်ဖို့ လျို့ဝှက်ချက် ၁၀ ချက်အကြောင်းကို နှစ်သစ်မှာ အတွေးအခေါ်အသစ် တွေရရှိဖို့အတွက် Myanmar Imperial University မှ ဒီ Video လေးကနေတစ်ဆင့် ပြန်လည်မျှဝေပေးပါရစေရှင်။ 📚 ✍🏻 ၁။ ဘဝမှာ ယုံကြည်ချက် အိပ်မက်နှင့် အာရုံစူးစိုက်နိုင်စွမ်းရှိပါစေ။ ကိုယ်က ဘာကိုယုံကြည်တာလဲ၊ ဘာကိုဖြစ်ချင်တာလဲဆိုတာကို အမြဲတွေးနေရမယ်။ Focus လို့ပြောရင် ပြောတော့သာလွယ်လွယ်လေး ဒါပေမယ့် စိတ်အရမ်းညစ်တဲ့အချိန်မှာလဲ အဲ့ Focus ကိုရအောင်တွေးရပါမယ်။ ✍🏻 ၂။ ဘဝမှာ အောင်မြင်မှုအိပ်မက်အတွက် စည်းကမ်းလိုက်နာတတ်သောသူ စည်းကမ်းချနိုင်သောသူတစ်ယောက်ဖြစ်ပါစေ။ Discipline ရှိတာကကျတော့ အလုပ်ကို ဘယ်လိုလုပ်ရလဲဆိုတာမျိုးပေါ့။ တီချယ်တို့ဆို Project based Roadmap နဲ့အလုပ်လုပ်မယ်ဆိုရင် အလုပ်က ပထမဆုံး step မှာ ဘာလုပ်မယ်၊ objective setting ချမယ်၊ plan ချမယ်။ ✍🏻 ၃။ ပညာရပ်တစ်ခုကို ကျွမ်းကျင်လိမ္မာသည်အထိ အာရုံစူးစိုက်အချိန်ပေးသင်ယူသောသူဖြစ်ပါစေ၊ သင်ယူသောပညာကို လက်တွေ့မှာ ပြန်ကအသုံးချနိုင်သူဖြစ်ပါစေ။ လူတွေက Marketing လို့ပြောတယ်။ Marketing ကို ချစ်ရုံနဲ့ CMO မဖြစ်ဘူး၊ Marketer မဖြစ်ဘူး။ Marketing မှာ ကိုယ်က ဘယ်လောက်ထိ theory ကိုပိုင်နိုင်လဲ၊ ဘယ်လောက်ထိ creative ဖြစ်လဲဆိုတာက အရမ်းအရေးကြီးတယ်။ ✍🏻 ၄။ အတွေးအခေါ်အရမ်းအရေးကြီးပါတယ်။ အောင်မြင်မှုတွေက မှန်ကန်တဲ့အတွေးအခေါ်တစ်ခုနဲ့ စတင်ပါတယ်။ ကျရှုံးမှုတွေကလည်း မှားယွင်းတဲ့အတွေးအခေါ်တွေကနေ စတင်ပါတယ်။ အောင်မြင်တဲ့သူ အောင်မြင်တဲ့အတွေးအခေါ်ဆိုတာ သူတို့ကိုယ်တိုင်အတွးအခေါ်နဲ့ သူတို့အဖွဲ့အစည်းရဲ့အတွေးအခေါ်ကို ပြောင်းလဲနိုင်တဲ့သူတွေဖြစ်ပါတယ်။ ✍🏻 ၅။ အောင်မြင်မှု အိပ်မက်တွေအတွက် Entrepreneurship Mindset ရှိပါစေ။ ကိုယ်က Entrepreneurship mindset ရှိရမယ်။ Brave ဖြစ်ရမယ်၊ Bold ဖြစ်ရမယ်။ ✍🏻 ၆။အောင်မြင်မှု အိပ်မက်တွေအတွက် MArketing Mindset ကိုမွေးမြူပါ။ ကျင့်သုံးပါ။ အောင်မြင်တဲ့သူတွေက Marketing as a strategy ကိုအကောင်းဆုံးအသုံးပြုပြီး Marketing mindset ရှိကာ maketing ကို အသုံးပြုပြီး အောင်မြင်မှု အိပ်မက်တွေကို ဘယ်လိုဖန်ဆင်းမလဲဆိုတာ ကောင်းကောင်းသိတဲ့သူတွေပါပဲ။ ✍🏻 ၇။ လဲကျရင် ပြန်ထနိုင်တဲ့စွမ်းရှိပါစေ။ အလုပ်တစ်ခုကို စတင်ရဲတဲ့သတ္တိရှိပါစေ။ ဆုံးဖြတ်ချက် ပြတ်သားပါစေ။ တစ်ခါတစ်လေကျရင် စိတ်မပူနဲ့။ ဘာမှမလုပ်ရင် ဘာမှမဖြစ်တော့ဘူး။ကိုယ်ကလုပ်လိုက်လို့ မှားသွား တယ်ဆိုလဲ စိတ်မပူနဲ့။ ဘာလုပ်ရင်မှားမယ်ဆိုတာသိတဲ့အတွက် အမှန်ရဖို့အတွက် နည်းလမ်းပိုများလာတယ်။ ✍🏻 ၈။ ကိုယ်ရောက်ချင်တဲ့နေရာကို ရောက်အောင်သွားရဲတဲ့ သတ္တိရှိပါစေ။ ရပ်နေတဲ့သူက ဘာအလုပ်မှမလုပ်ရပဲ ရှင်သန်မှုတွေ ပျောက်ဆုံးနေတဲ့သူနဲ့အတူတူပါပဲ။ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ တစ်ခုခုကိုလုပ်နေတဲ့သူက မှားနေရင်လည်း အောင်မြင်မှုအတွက် မလုပ်ရမယ်နည်းလမ်းတစ်ခုကို သိတဲ့သူဖြစ်လာမယ်။ မှန်သွားတယ်ဆိုရင်လည်း အောင်မြင်မှုခရီးလမ်းကို ပိုနီးကပ်တဲ့သူဖြစ်လာမယ်။ အဲ့ဒါကြောင့် ရပ်တန့်မနေပဲ တစ်ခုခုကို စတင်ရဲတဲ့သတ္တိရှိဖို့က အောင်မြင်ဖို့အတွက် အရေးကြီးတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ ✍🏻 ၉။ စျေးရောင်းတဲ့နေရာမှာ ကျွမ်းကျင်ပါစေ။ တကယ်အောင်မြင်ချင်ရင် စျေးရောင်းကောင်းတဲ့သူဖြစ်ဖို့လည်း အရေးကြီးပါတယ်။ကိုယ်က Effective Sales Person ဖြစ်ဖို့လည်း အရေးကြီးပါတယ်။အရေးကြီးဆုံးက personality နဲ့ business ကိုတွဲထားဖို့ပဲဖြစ်တယ်။ ✍🏻 ၁၀။ ဘဝမှာ ပျော်ရွှင်မှုကို တန်ဖိုးထားတတ်သူဖြစ်ပါစေ ကိုယ့်ပျော်ရွှင်မှုလည်း တန်ဖိုးထားပါ၊ သူများရဲ့ ပျော်ရွှင်မှုကိုတန်ဖိုးထားရမယ်။ ကိုယ့်အဖွဲ့အစည်းရယ်လိုဖြစ်လာရင် ကိုယ့် team member တွေရဲ့ပျော်ရွှင်မှု၊ စားသုံးသူတွေရဲ့ပျော်ရွှင်မှုကိုလည်းတန်ဖိုးထားရမယ်။ တန်ဖိုးသိသောသူ၊ တန်ဖိုးရှိသောသူ၊ တန်ဖိုးကို တန်ဖိုးထားတတ်သူဖြစ်ပါစေ။☘️ ------------------------------------------------- 📚 ဘဝ၊ အောင်မြင်မှု၊ အိပ်မက်နဲ့အခက်အခဲဆိုတာ အမြဲဒွန်တွဲနေတဲ့အရာပါ။ တီချယ်ပို့အနေနဲ့လည်း ယုံကြည်တဲ့အိပ်မက်တွေအတွက်ကြိုးစားခဲ့ရသူပါ၊ အခုလဲ ကြိုးစားနေဆဲပါ။ အဲဒါကြောင့် အခက်အခဲနဲ့ စိန်ခေါ်မှုတွေကြား အမြဲရှင်သန်အောင် နေထိုင်ကြိုးစားရုန်းကန်ခဲ့တဲ့ နေ့ရက်တွေကပေးတဲ့ သင်ခန်းစာ (၁၀) ခုကို ချစ်ရတဲ့လူတွေအတွက် ဝေမျှပေးခဲ့ပါတယ်ရှင်။ 🙏🏻 ✨အိပ်မက်မက်ပါ ။ အိပ်မက်များကိုယုံကြည်ပါ အိပ်မက်များကို အကောင်အထည်ဖော်ပါ။ ☘️ “မိုင်ပေါင်းများစွာဝေးတဲ့ ခရီးလမ်းဟာ ပထမဆုံးခြေတစ်လှမ်းကစပါတယ်။ “❤️ ------------------------------------------------- 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐦𝐩𝐞𝐫𝐢𝐚𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 အနေနဲ့လည်း စစ်မှန်တဲ့ပညာရေးနဲ့ ချစ်ရတဲ့ ကျောင်းသားတွေအတွက် အကောင်းဆုံးကြိုးစားသွားပါ့မယ်ရှင်။ 🙏🏻🥰 မြန်မာလူငယ်များရဲ့ အိပ်မက်တွေနဲ့ စစ်မှန်သောပညာရေးအတွက် အမြဲအသင့်ရှိနေလျက်... လေးစားစွာဖြင့် 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐦𝐩𝐞𝐫𝐢𝐚𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲-𝐌𝐈𝐔🇲🇲

Comment