MENU

Fun & Interesting

စီးပွားရေးသမားမဟုတ်ပဲ တီထွင်သူသပ်သပ်ဖြစ်ခဲ့လို့ နာမည်မြှုပ်ခဲ့ရတဲ့ ဉာဏ်ကြီးရှင် နီကိုလပ်စ်တက်စလာ

JAB TV MM 46,011 5 years ago
Video Not Working? Fix It Now

မင်္ဂလာပါ Jab ကနေ ပြန်လည်ကြိုဆိုပါတယ်ခင်ဗျာ။ ကမ္ဘာပေါ်မှာ ထူးခြားတဲ့ပါရမီရှိသူလို့ဆိုလိုက်တာနဲ့ လူတွေရဲ့ခေါင်းထဲပြေးမြင်မိသူက အဲဘတ်အိုင်းစတိုင်းဆိုသူဖြစ်ဖို့ ရာခိုင်နှုန်းအတော်များပါတယ်။ ဒါမှမဟုတ်လဲ စတီဖင်ဟော့ကင်းတို့ သောမတ်အက်ဒီဆင်တို့ ဖြစ်ချင်လဲဖြစ်နေမှာပေါ့။ နီကိုလာတက်စလာဆိုသူတယောက်ဟာလဲ သူတို့လိုမျိုးပါရမီရှင်တဦးဖြစ်ခဲ့တယ်ဆိုတာကိုတော့ သိသူရှားလွန်းပါတ်ယ။ တကယ်တော့ ကျနော်တို့ အခုသုံးနေတဲ့နည်းပညာတွေမှာလဲ တက်စလာရဲ့တီထွင်မှုတွေပါဝင်နေတယ်ဗျ။ သောမတ်အက်ဒီဆင်နဲ့ Westinghouse Electric တို့က သူတို့တီထွင်ခဲ့တယ်ဆိုပြီး နာမည်ဝင်ယူသွားတဲ့ အထွေထွေသုံးမော်တာဟာလဲ တက်စလာရဲ့နည်းပညာဖြစ်တယ်လို့ ဆိုကြသူတွေရှိပြန်တယ်မဟုတ်ပါလား။

Comment