MENU

Fun & Interesting

မုန့်လုံးကြီးအုန်းနို့ဆမ်း

Video Not Working? Fix It Now

မုန့်လုံးကြီးအုန်းနို့ဆမ်း ဂုဏ်ယူစရာ မြန်မာ့အစားစာမုန့်တွေထဲမှာဆိုရင် "မုန့်လုံးကြီးအုန်းနို့ဆမ်း" ကလဲ လူကြိုက်များတဲ့ မြန်မာ့မုန့်လေးတခုထဲမှာ ပါဝင်တယ်ဆိုရင်မမှားဘူးပေါ့နော်။ အုန်းယိုလေးကို အတွင်းမှာ ဌာပနာထားပြီး မုန့်လုံးအပေါ်က အုန်းဆီလေးကို ဆမ်းထားတာဆိုရင်ဖြင့် အလွန်မွှေးပြီး စားလို့အလွန်ကောင်းပါတယ်။ အဲ့လိုစားလို့ကောင်းတဲ့ မုန့်လေးကို အိမ်မှာကိုယ်တိုင်လွယ်လွယ်ကူကူဘယ်လိုလုပ်စားလို့ရလဲဆိုတာကို ဒီVideo လေးထဲမှာလုပ်ပြပေးထားတာမို့ ကြည့်ကြည့်လိုက်နော်။ ပါဝင်ပစ္စည်းများ ၁။ မွှေး ကောက်ညှင်းမှုန့် - ၂ ခွက် (သို့) ထမင်းစားဇွန်း ၃၂ ဇွန်း ၂။ ဆန်စိမ်းမှုန့် - ခွက်တဝက် (သို့) ထမင်းစားဇွန်း ၈ ဇွန်း ၃။ ဆား - အနည်းငယ် ၄။ ရေ ၅။ အုန်းသီးခြစ်ဖတ် - ၁ ခွက် ၆။ သကြား - ထမင်းစားဇွန်း ၅ ဇွန်း ၇။ အုန်းနို့ - ၄၀၀ ml (၁ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း = ၂၄၀ ml) (လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon = 5 ml) (ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon = 15 ml)

Comment