MENU

Fun & Interesting

အွန်လိုင်းလောင်းကစားကြောင့် လူ ၁၄ ယောက်ကို သက်*ခဲ့သူ - Am Cyanide အကြောင်း - Murder Monday #ep10

Story Bears 48,535 1 year ago
Video Not Working? Fix It Now

ပြီးခဲ့တဲ့နှစ် ၂၀၂၃ ခုနှစ် ဧပြီလ ၂၅ ရက်မှာ ထိုင်းနိုင်ငံ တစ်ခုလုံး တုန်လှုပ်ခြောက်ခြား သွားရမယ့် သတင်းတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ကွင်းဆက်လူသက်သမားတစ်ယောက် ဖြစ်နိုင်ခြေ ရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ လူပေါင်း ၁၄ ယောက်ထက် မနည်းကို ကွယ်လွန်စေတဲ့ အမှုတွေကို ပြီးခဲ့တဲ့ သုံးနှစ်အတွင်း ကျူးလွန်ခဲ့တယ်ဆိုပြီး သတင်းဌာနတွေက ဝေဝေဆာဆာ သတင်းဖော်ပြကြပါတယ်။ အဲ့ဒီ အမှုတွေကို ကျူးလွန်ခဲ့ရာမှာ လက်နက်ခဲယမ်းတွေ တစုံတရာ အသုံးပြုတာမျိုး မဟုတ်ဘဲနဲ့ ဆိုင်ယာနိုက် အဆိပ်ကို သုံးခဲ့တာ ဖြစ်ပါတယ်။ လူတွေ ပိုပြီးတော့ အံ့အားသင့် တုန်လှုပ်ကြရတဲ့ အကြောင်းအရင်းတစ်ခုက အဲ့ဒီအမျိုးသမီးဟာ အရင်တုန်းက ရဲအရာရှိတစ်ယောက်နဲ့ အိမ်ထောင်ရက်သား ကျခဲ့ဖူးတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်နေတဲ့အပြင် သူ့ကို နောက်ဆုံး ဖမ်းမိတဲ့အချိန်၊ နောက်ဆုံး ပြစ်မှုကို ကျူးလွန်ခဲ့တဲ့အချိန်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ယောက် ဖြစ်နေခဲ့တဲ့အတွက် ဖြစ်ပါတယ်။ သူ့နာမည် အပြည့်အစုံက Sararat Rangsiwuthaporn ဖြစ်ပြီးတော့ အိမ်နာမည်/နာမည်ပြောင် Am လို့ ခေါ်ပါတယ်။ သူ့ကို ထိုင်းလူမျိုးတွေက ချက်ချင်းပဲ နာမည်ပြောင် တန်းပေးလိုက်ပါတယ်။ Am Cyanide တဲ့။ အဲ့ဒီတော့ ဒီလိုမျိုး လူ ၁၅ ယောက်ကို သေစေတဲ့ အပြစ်တွေကို ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဒီ Am Cyanide ရဲ့ ဘဝနောက်ကြောင်းက ဘယ်လို ရှိမယ်၊ ဘာအတွက်ကြောင့် ဒီလို ပြစ်မှုတွေကို ကျူးလွန်ခဲ့တယ်၊ ဘယ်လိုဘယ်ပုံကြောင့် သူ့ကို ဖမ်းမိသွားခဲ့တယ်၊ ခုလက်ရှိအခြေအနေမှာ ဒီအမှုက ဘယ်လို ဘယ်ပုံရှိတယ်ဆိုတဲ့ အချက်တွေကို လေ့လာ တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ Am ဟာ အသက် ၃၆ နှစ်အရွယ်ရှိ အမျိုးသမီး တစ်ယောက်ဖြစ်ပြီးတော့ ၂၀၀၉ ခုနှစ်မှာ ဘန်ကောက်အနောက်ပိုင်းဒေသက Nakhom Pathom Rajabhat တက္ကသိုလ်ကနေ Public Relations လူမှုဆက်ဆံရေး ဘာသာရပ်နဲ့ ဘွဲ့ရခဲ့တယ်လို့ သိရပါတယ်။ သူ့ကျောင်းက ဆရာတွေရဲ့ အပြောအရ သူကျောင်းတက်တုန်းက ဘာမှ ထူးထူးခြားခြား အဖြစ်အပျက်မျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒီလိုနဲ့ ရဲဒုဗိုလ်မှူးကြီးတစ်ယောက်နဲ့ လက်ထပ်ခဲ့ပြီးတော့ ကလေးနှစ်ယောက် ထွန်းကားခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်အချိန်မှာ လက်ထပ်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာတွေကိုတော့ မသိရပါဘူး။ ပြီးတော့ Am တစ်ယောက် ဘယ်နေရာမှာ ဘာအလုပ်လုပ်ခဲ့တယ်ဆိုတဲ့ သတင်းမျိုးတွေ ရေးသားထားတာလည်း မတွေ့ဘူးပေါ့လေ။ အဲ့ဒီ ရဲဒုဗိုလ်မှူးကြီးနဲ့ ၂၀၂၂ ခုနှစ် အစောပိုင်းမှာ ကွာရှင်းပြတ်စဲခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီ လက်ထပ်ခဲ့တဲ့ သက်တမ်း တလျှောက်မှာ Am ဟာ ရာထူးကြီးကြီး အကောင်ကြီးကြီး အမြီးရှည်ရှည် လူတွေနဲ့ပဲ ပေါင်းသင်းလေ့ ရှိတယ်လို့ သူ့အရင် အိမ်နီးနားချင်းတွေက ပြောကြပါတယ်။ ရဲဒုဗိုလ်မှူးကြီးနဲ့ ကွာရှင်းပြတ်စဲပြီးနောက်မှာတော့ ၂၀၂၂ ခုနှစ် နှောင်းပိုင်းမှာ သာမန်အရပ်သားတစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်လို့ဆိုပါတယ်။ သူနဲ့ လက်ထပ်ခဲ့တဲ့ အမျိုးသားဟာ ၂၀၂၃ ခုနှစ် မတ်လ ၁၂ ရက်နေ့မှာ ကွယ်လွန် ခဲ့ပါတယ်။ Am အဖမ်းခံရတဲ့အချိန် ဧပြီလ ၂၅ ရက်နေ့မှာ ကိုယ်ဝန် လေးလရှိနေခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ယေဘုယျအနေနဲ့ ကြည့်မယ်ဆိုရင် အမျိုးသမီးတွေက ကလေးတွေကို ပြုစုပျိုးထောင်တဲ့ အပိုင်းမှာ အမျိုးသားတွေထက် ပိုပြီး ထဲထဲဝင်ဝင်ရှိတယ် ဆိုတာ ဘယ်သူကမှ ငြင်းကြမယ်မထင်ပါဘူး။ ဒီလိုမျိုး လူ့အသက်ကို ပြုစုပျိုးထောင်တဲ့နေရာမှာ နူးနူးညံ့ညံ့ ရှိရမယ့်လက်က. အထူးသဖြင့် အခုလို ကိုယ်လေးလက်ဝန်နဲ့ အမျိုးသမီးက အခုလိုမျိုး လူ ၁၅ ယောက်အပေါ် ပြစ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ ကိစ္စက ထိုင်းလူမျိုးတွေရော ကမ္ဘာကလူတွေကပါ အံ့အားသင့် လက်သင့်မခံနိုင်တဲ့ ကိစ္စကြီး ဖြစ်နေခဲ့တာပေါ့လေ။ ဒီလိုမျိုး ကလေးနှစ်ယောက်ရှိနှင့်နေပြီးသား ကိုယ်လေးလက်ဝန်ရှိနေတဲ့ အမျိုးသမီးတစ်ယောက်က လူ ၁၅ ယောက်ကို ဘယ်လိုစိတ်ထားနဲ့ ဒီလိုမျိုး ရက်ရက်စက်စက်ပြုမူနိုင်ရသလဲဆိုတာ ထိုင်းနိုင်ငံက လူတွေက အံ့အားသင့် စက်ဆုပ်ကြပါတယ်။ သူ့ကိုမှ မဟုတ်ပေါ့နော်။ ကျွန်တော် ပြီးခဲ့တဲ့တစ်ပတ်က ပြောခဲ့တဲ့ ပဲဟင်းတစ်ခွက် အိန္ဒိယ ဇာတ်လမ်းထဲမှာ ဆိုရင်လည်းပဲ Jolly Joseph က ကလေးနှစ်ယောက်မိခင်ပေါ့။ Am ကို ရဲတွေ ဘယ်လို ဖမ်းမိခဲ့သလဲ၊ ဘယ်အချိန်မှာ စပြီး သံသယ ဝင်ခဲ့သလဲ။ ဧပြီလ ၁၄ ရက်မှာ မှာ Am ဟာ သူ့သူငယ်ချင်းဖြစ်တဲ့ Siriporn နဲ့ Ratchaburi ပြည်နယ်ကိုသွားပြီး အဲ့ဒီမှာရှိတဲ့ မြစ်ထဲကို ငါးလွှတ်ပြီး ဆုတောင်းပဏ္ဏာ ပြုခဲ့ကြတယ်လို့ဆိုပါတယ်။ Siriporn ဟာ တော်တော်လေးကိုမှ ငွေရေးကြေးရေး တောင့်တောင့်တင်းတင်း သုံးနိုင် ဖြုန်းနိုင်တယ်ပေါ့လေ။ ပြီးတော့ Am နဲ့ Siriporn နဲ့ သိတာလည်း သိပ်မကြာလှသေးဘူးလို့ ဆိုပါတယ်။ ဘယ်လို ဘယ်ပုံ သိကြတယ်တော့ မသိပါဘူး။ ထားပါ။ အဲ့ဒီလို သွားတဲ့ အချိန်မှာ စီရီပွန်ဟာ ကျန်းကျန်းမာမာနဲ့ ပုံမှန်အတိုင်းပဲ ရှိနေခဲ့ပါတယ်။ အဲ့လိုနဲ့ မြစ်ကမ်းဘေးကို ငါးလွှတ်ဖို့သွားတဲ့အချိန်မှာ မြစ်ကမ်းဘေးမှာ ရုတ်တရက်ကြီး ကောက်ကာ ငင်ကာ လဲကျပြီး အသက်ထွက်သွားပါတယ်။ လဲကျမသွားခင်အချိန်ထိ CCTV ထဲမှာကြည့်ရတာ သူ့အနေနဲ့ ပုံမှန် လူတစ်ယောက်အတိုင်းပဲရှိနေခဲ့တယ်။ ဒါပေမယ့် သူနဲ့အတူတူ လိုက်ပါသွားတဲ့ Am က စီရီပွန်ကို ကယ်ဖို့ထက် မသိသလိုပဲ ဖုတ်ခါ ဖက်ခါနဲ့ ထွက်သွားခဲ့ပါတယ်။ အဲ့လို ထွက်ခွာသွားတဲ့ Am နဲ့အတူ စီရီပွန်ရဲ့ တကယ့် တန်ဖိုးကြီး luxury ပိုက်ဆံအိတ်၊ ငွေ ဘတ်လေးသောင်းခန့်၊ ပြီးတော့ ဖုန်းနှစ်လုံး ပါသွားခဲ့ပါတယ်။ #StoryBears #StoryBearsMM #murdermonday #myanmar #truecrime

Comment