MENU

Fun & Interesting

အောင်၏အေး၏ - မန္တလေးသိန်းဇော် | Aung Ei Aye Ei Album - Mandalay Thein Zaw

Mandalay Thein Zaw 68,258 3 weeks ago
Video Not Working? Fix It Now

သုဝဏ္ဏဘုမ္မိ ဆံတော်ရှင်သာသနာဝင် ကျိုက်ဒေးရုံတောင်စဉ် တောင်တန်းပေါ်က ကြက်မင်းတောင် စေတီတည်ထားချိန်ဟာ အဘိုးကျိုက်ထီးဆောင်းဆရာတော်ကြီး အနီးအပါးမှာ ကျောင်းသားသဖွယ် မိမိနေခွင့်ရတဲ့အချိန်လည်း ဖြစ်ပါတယ်။ ထီးတော်တင်ပွဲအမှီ သီချင်းပူဇော်လိုတဲ့ဆန္ဒအာသီသနဲ့ ဘုရားတည်ရာတောင်တန်းဆီ အဘိုးဆရာတော်ကြွရောက်တိုင်း နောက်တော်ပါးက ဝတ်ဖြည့်ခစားရင်း မိမိ စိတ်ထဲဉာဏ်ထဲပေါ်သလို တောထဲတောင်ထဲ ရည်ရွတ်မြည်တမ်းရာကနေ တစ်ချိန်မှာ အောင်၏အေး၏ အမည်နဲ့ ပူဇနိယ တေးသီချင်းတစ်ပုဒ် ဖြစ်ပေါ်ခဲ့ပါတယ်။ လူ့လောကရဲ့ ကြက်တွန်သံကို မြန်မာတို့ နားအကြားမှာ အော်အီးအီးအွက်ဖြစ်လို့ ကောင်းကင်က ကြက်မင်းတွန်သံဟာ အောင်၏အေး၏ ဖြစ်မယ်လို့ တွေးသိခံစားမိပါတယ်။ အောင်၏အေး၏ဟာ နေ့ နာမ်ဂဏန်းအရ (၁)လေးလုံးပါ၊ မိမိမနှောမှ သာသနာ့အကျော် (၁)လေးလုံး ဆရာတော်ဘုရားကြီးကိုလည်း ရည်စူးဦးခိုက်ခဲ့ပါတယ်။ ဘုရားရှင် သုဝဏ္ဏဘုမ္မိကို ကြွမြန်းခဲ့တာလည်း မဟာသက္ကရာဇ် (၁၁၁) တစ်သုံးလုံးမှာ ဖြစ်ပါတယ်။ မိမိစိတ်တွင်းက ကြည်ညိုမိရာအဖြာဖြာဟာ ပန်းရောင်စုံမှန်ပြောင်းလေးလို လှလှပပ ဆက်စပ်အတွေးမျှင်များနဲ့ ရေးသားဖွဲ့စပ်ခဲ့မိတဲ့ တေးတစ်ပုဒ်ပါ။ ယခုအောင်၏အေး၏ တေးစီရီးမှာ အဆိုပါအောင်၏အေး၏ တေးသီချင်းအပါအဝင် မန္တလေးသိန်းဇော်ရဲ့ လက်ရွေးစင်ဓမ္မပူဇာတေး(၈)ပုဒ် ပေါင်းစုတင်ဆက်ထားခြင်းဖြစ်ပါတယ်။ အရိယာနွယ်ဝင် ဆရာသခင် ကျေးဇူးရှင်တို့ရဲ့ဘဝါဘဝေ အနန္တရမေတ္တာတွေကြောင့် ဝေနေယျအပေါင်း (အောင်၏အေး၏)တေးသွားများကို နားဆင်တွေးမြင်ရင်း ယခုဘဝရော သံသရာမှာပါ အောင်လည်းအောင်မြင်ခြင်း၊ အေးလည်းအေးချမ်းခြင်းများ နာယူကျင့်ပွါး ရရှိ ခံစားနိုင်ကြပါစေ..။ မန္တလေးသိန်းဇော် AZADA Art Myanmar

Comment