MENU

Fun & Interesting

ရခိုင်မုန့်တီ အရည် နဲ့ အာပူသုပ် - Authentic Rakhine Rice Noodle with Fish Soup and Salad - MY Onion

MY Onion 1,186,227 4 years ago
Video Not Working? Fix It Now

ရခိုင်မုန့်တီ အရည် နဲ့ အာပူသုပ် ရခိုင်မုန့်တီစစ်စစ်နဲ့ ကောင်းကောင်းလေးစားချင်သူတွေအတွက် ဘယ်လိုချက်ရမလဲဆိုတာသိရအောင် ဗီဒီယိုလေးနဲ့ အသေးစိတ် သေချာလေးရှင်းပြပေးထားပါတယ်။ 😊 အရည် နဲ့ အာပူသုပ်နှစ်ခုစလုံးအတွက်ဆိုတော့ ပြင်ဆင်ချက်ပြုတ်ရတဲ့အဆင့်တွေလဲများတဲ့အတွက် ဗီဒီယိုရဲ့ကြာချိန်ကပုံမှန်ထက်ပိုများသွားလို့ ဗီဒီယိုနှစ်ခုခွဲတင်ရင်ရပေမယ့်လဲ၊ MY Onion ရဲ့ ချစ်ဆုံးတွေ ဗီဒီယိုတစ်ခုထဲမှာပဲ စုံစုံလင်လင် တစုတစည်းထဲကြည့်နိုင်အောင် တစ်ခုထဲပေါင်းတင်ပေးလိုက်ပါတယ်နော် 🥰 ပါဝင်ပစ္စည်းများ **************** 1. ငါးရွှေ - ၃၅ ကျပ်သားခန့် (1/2 kg) 2. မုန့်ဖတ် - ၁.၅ ပိသာ 3. ရခိုင်မျှင်ငပိ - ဟင်းရည် - ထမင်းစားဇွန်း ၃ ဇွန်းမောက်မောက် 4. ရခိုင်မျှင်ငပိ - ငရုတ်သီးအနှစ် - ထမင်းစားဇွန်း တဇွန်းမောက်မောက် 5. ပဒဲကော 6. ကြက်သွန် အဖြူ အနီ 7. ငရုတ်ကောင်း 8. ငရုတ်သီးစိမ်း 9. ဆီ ၊ နနွင်းမှုန့် 10. မကျည်းမှည့် 11. နံနံပင် 12. သံပုရာသီး 13. ဆား၊ ဟင်းခတ်မှုန့် 14. အကြော် (ငါးဖယ်ကြော်၊ ပဲကြော်၊ ဝက်ဆီဖတ် ကြိုက်နှစ်သက်ရာအသုံးပြုနိုင်ပါတယ်) မှတ်ချက်။ ။ ရခိုင်မုန့်တီစစ်စစ်မှာ အရည်အသုပ်နှစ်မျိုးစလုံးအတွက် ငံပြာရည်လုံးဝမသုံးပါဘူးရှင်၊ စိမ်းစားငပိကောင်းကောင်းလေးကိုပဲအဓိကထားသုံးပါတယ်။ MY Onion ရဲ့ ဗီဒီယိုလေးတွေအားလုံးကိုတစုတစည်းထဲကြည့်နိုင်အောင်နဲ့ ကြည့်ချင်တဲ့ဟင်းချက်နည်းဗီဒီယိုလေးတွေကို အလွယ်တကူရှာဖွေလိုရအောင် YouTube channel လေးကိုလဲ subscribe လုပ်ထားပြီး၊ ဗီဒီယိုအသစ်တင်တိုင်းသိရအောင်လို့ ဘေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပေးဖို့ မမေ့ပါနဲ့နော်။ 🔔 YouTube Channel: https://www.youtube.com/channel/UC-0AfhXEPPEvawLmT6qmPWQ?view_as=subscriber Facebook Page: https://www.facebook.com/MY-Onion-Easy-Cooking-111093633973815/ TikTok Account: myonion_easycooking #MYOnionEasyCooking #AuthenticRakhineRiceNoodlewithFishSoupandSalad #ရခိုင်မုန့်တီအရည်နဲ့အာပူသုပ်စစ်စစ် ........................................ Music Credit: music by Jason Shaw@ audionautix.com

Comment