MENU

Fun & Interesting

B (8) - ဓမ္မစကြာ ဖြင့်သာ သံသရာမှ လွတ်မြောက်ရာ၏

Wimoteti Tayar Channel 40,270 3 years ago
Video Not Working? Fix It Now

မဟာသဒ္ဓမ္မဇောတိကဓဇ ဦးမောင်မောင် (ပျဉ်းမနား) ၏ ဓမ္မစကြာ ဖြင့်သာ သံသရာမှ လွတ်မြောက်ရာ၏ 🏵 ဝိမုတ္တိသာသနာ အစဉ်ရှင်သန်နေ၏။ 🏵 "ပညာဟူသည် ပေး၍မရ ယူမှရ၏" ဆိုတဲ့ စကားလေးအရ ဆရာလုပ်သူက မည်သို့ ပေးပေး တပည့်ဖြစ်သူက လက်သင့်မခံယူနိုင်ပါက ပညာရရှိနိုင်မည်မဟုတ်ပါ။ 🏵 တစ်ဖန် "When the student is ready the teacher will appear." ဆိုတဲ့ စာသားကလေးအရ တပည့်ဖြစ်သူများက ကြိုတင်ပြင်ဆင် လေ့လာမှုများ ပြည့်စုံပါမှ ဆရာဖြစ်သူပေးသော ပညာများကို လွယ်လင့်တကူ ရရှိနိုင်မည်ဖြစ်ပါသည်။ ကြိုတင်ပြင်ဆင်ချိန်ဆိုတာကတော့ တစ်ဦးနဲ့တစ်ဦးမတူနိုင်ပါ။ 🏵 ဆရာဦးမောင်မောင်ရဲ့ တရားများကို ထဲထဲဝင်ဝင်နာကြားထားပြီးနောက် သားတပည့်များ၏ စီစဉ်ပေးမှုနှင့် မိမိနေအိမ်၌ ဆရာနှင့်ကိုယ်တိုင်တွေ့ဆုံချိန်တွင် ဆရာမကြီး ဒေါ်ယဉ်ယဉ် တရားရှိပုံနှင့် ထိုတရားအသံမှတ်တမ်းလေးကို လေ့လာနိုင်ပါရန် တင်ပြအပ်ပါသည်။ 🏵 သစ္စာထိုက်သော အမှန်တရားများကိုသာ ရဲရင့် ပွင့်လင်းစွာဟောကြားသော သပ္ပူရိသဆရာ၊ မဟာသဒ္ဓမ္မဇောတိကဓဇ(၂၀၂၁) ဦးမောင်မောင် (ပျဉ်းမနား) (၁၉၅၇~၂၀၂၁) ၏ (၁၉/၄/၂၀၁၇)ရက်နေ့တွင် ဆရာမကြီး ဒေါ်ယဉ်ယဉ်အား ဟောကြားခဲ့သော တရားတော်ကို တင်ဆက်လိုက်ပါသည်။ 🏵 ဗုဒ္ဓသာသနံစိရံတိဋ္ဌတု။ 🙏 🙏 🙏

Comment