၁၉၅ဝ ကနေ ၂ဝ၁ဝအတွင်းကမ္ဘာပေါ်မှာအာဏာသိမ်းမှုအကြိမ် ၄၅ဝ ကျော် ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ ၁၉၄၈ခုနှစ် လွတ်လပ်ရေးရပြီးတဲ့ အချိန်ကနေ၂၀၂၁ ခုနှစ်အထိ ၇၃နှစ်တာကာလအတွင်း စစ်အာဏာသိမ်းမှု (၄)ကြိမ် ဖြစ်ခဲ့ပါပြီ။ မြန်မာနိုင်ငံ မှာ စစ်အစိုးရနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ကြီးစိုးတဲ့အစိုးရတွေ အုပ်ချုပ်ခဲ့တဲ့သက်တမ်း ၅၆ နှစ် ရှိခဲ့ပါတယ်။အရပ်သားအုပ်ချုပ်ရေး သက်တမ်း ၁၉ နှစ် အတွင်းမှာလည်း စစ်အရာရှိများရဲ့သြဇာနဲ့မလွတ်ကင်းတဲ့ အစိုးရတွေ ၊ အခြေခံဥပဒေအရ တပ်ရဲ့အခန်းကဏ္ဍပါဝင်တဲ့ အစိုးရအုပ်ချုပ်ရေးတွေကလွှမ်းမိုးခဲ့ပါတယ်။ ဒီထဲက မြန်မာနိုင်ငံက အာဏာသိမ်းမှုတွေအကြောင်းကို သမိုင်းအချက်အလက်တွေ၊ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခဲ့သူတွေ၊ ပညာရှင်တွေရဲ့ သုံးသပ်ချက်တွေနဲ့အတူ အာဏာသိမ်းအဆိုးကျော့သံသရာက ရုန်းထွက်နိုင်မယ့် သုံးသပ်ချက်တွေနဲ့ရှင်းပြချက်ကို တင်ဆက်ထားပါတယ်။
ဘီဘီစီမြန်မာပိုင်း