ကြယ်အမွှာပူးတွေကို binary stars တွေလို့ ခေါ်ပါတယ်။ ကြယ်နှစ်စင်း ပူးပြီး တစ်လုံးကို တစ်လုံး အပြန်အလှန် ပတ်နေကြတဲ့ ကြယ်စုံတွဲ တွေပေါ့။ ဒီလို ကြယ်အမွှာပူး တွေရဲ့ ပတ်လည်မှာ ဂြိုဟ်တွေ ရှိနိုင်မလား။ ဒီဂြိုဟ်တွေပေါ်မှာရော သက်ရှိတွေ ရှင်သန် နေနိုင်မလား။ ဒီဂြိုဟ်တွေ ပေါ်က သက်ရှိတွေအတွက် ဘာအခက်အခဲ မျိုးတွေ ကြုံတွေ့ရနိုင်မလဲ။