MENU

Fun & Interesting

BYD Seagull EV ကားကို Yangon - Mandalay အမြန်လမ်း ဘယ်လိုမောင်းနှင်ခဲ့လဲ ကျွန်တော့်အတွေ့အကြုံလေးပါ

KMH Knowledge Channel 2,216 1 year ago
Video Not Working? Fix It Now

BYD Seagull EV ကားနဲ့ ခရီးဝေးသွားလိုတဲ့မိတ်ဆွေများအတွက် အထောက်အကူအနည်းငယ်ရမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ ကျွန်တော် ရန်ကုန်ကို BYD Seagull EV ကားလေးနဲ့ သွားဖြစ်ခဲ့ပါတယ်။ EV ကားဆိုတော့ ဓါတ်ဆီဖိုး၊ လမ်းအသုံးပြုခ၊ မြို့ဝင်ကြေး ဘာတခုမှ မကုန်ပါဘူးခင်ဗျ။ ဒါပေမယ့် EV ကားနဲ့ခရီးသွားမှာဆိုတော့ လမ်းမှာ အားသွင်းဖို့လိုလာတာပေါ့။ ကျွန်တော့်ကားလေးရဲ့ Battery က အားတခါသွင်းထားပြီး အမြန်လမ်းလို လီဗာကို တောက်လျှောက်နင်းမထားရရင် မိုင် (၂၅၀) လောက် ရောက်နိုင်ပါတယ်။ အခု အမြန်လမ်းမှာတော့ အမြန်နှုန်း တနာရီကို ကီလိုမီတာ (၁၀၀) ဝန်းကျင်နဲ့ လီဗာကိုမလွှတ်တမ်းနင်းထားရရင် မိုင် (၁၅၀) ကနေ (၁၇၅) မိုင်လောက်ပဲ ရပါတယ်ခင်ဗျာ။ အခုလည်း ရန်ကုန်ကအပြန်မှာ ဘယ်လိုမောင်းတယ်၊ ဘယ်လိုအားသွင်းခဲ့တယ်၊ ကောင်းကျိုးဆိုးပြစ်လေးတွေကို မှတ်တမ်းယူခဲ့ပြီး ပြန်လည်မျှဝေပေးချင်တာနဲ့ ဒီဗီဒီယိုလေးကို တင်ပေးဖြစ်တာပါခင်ဗျာ (ကျွန်တော့်ဗီဒီယိုမှတ်တမ်းလေးကို ကြည့်ရှုရင်း ကိုယ်တိုင် EV ကားနဲ့ ခရီးဝေးသွားဖို့ ကြုံလာတဲ့အခါဖြစ်ဖြစ်၊ ဒီအတိုင်းပဲ အသိတခုခုဖြစ်ဖြစ် ရနိုင်ပါစေခင်ဗျာ) အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

Comment