MENU

Fun & Interesting

ဂျုံနယ်စရာ မလိုဘဲ ပဲပလာတာ အလွယ်လုပ်နည်း chickpea paratha

Cook for K1 644,519 3 years ago
Video Not Working? Fix It Now

ဂျုံနယ်စရာမလိုဘဲ အမြန်လုပ်လို့ရတဲ့ ပဲပလာတာ လုပ်နည်းလေးပါ.. ကြော်ပြီးပြီးခြင်းစားရင် အပြင်မုန့်သားကျွတ်ကျွတ်လေးနဲ့ အတွင်းသားအိအိလေးနဲ့ တမျိုးစားကောင်းပါတယ်. ဆီကြော်စား ရတာကြောက်တဲ့သူတွေအနေနဲ့ ဆီအများကြီးနဲ့ မကြော်ဘဲ ဆီပါရုံလေးနဲ့ ကြော်လို့လည်းရပါတယ်. ချက်နည်းလေးက အစ်မ အေးသူဇာဝင်း ရဲ့ နည်းလေး လည်းဖြစ်ပါတယ်. လိုအပ်တာတွေကတော့ ပဲပြုပ် - ၂၀ ကျပ်သားလောက် ကြက်သွန်နီ - ၂ လုံး ဆီ - ၃ ဇွန်း (စားပွဲတင်ဇွန်း) ဆား - အနည်းငယ် ဂျုံမှုန့် (ဘက်စုံသုံး) - ၁ခွက် ကြက်ဥ - ၁ လုံး ဆား - အနည်းငယ် ရေ - ၁ ခွက် ကြော်ရန်ဆီ တို့လိုအပ်ပါတယ်. အခုမှ ဒီချန်နယ်ကိုရောက်လာတဲ့ သူငယ်ချင်းအသစ်တွေလည်း ကျွန်တော့်ရဲ့ Cookfork1 ချန်နယ် ကို Subscribe ပြီးအားပေးသွားပါဦးခင်ဗျာ ။ ဗီဒီယိုအသစ်တင်တိုင်း သိရဖို့အတွက် ဘေးနားက ခေါင်းလောင်းလေးကိုလည်း နှိပ်ဖို့မမေ့နဲ့နော်... ဗီဒီယိုကိုကြည့်ပြီး မရှင်းလင်းတာရှိရင်လည်း comment ပေးပြီးမေးလို့ရပါတယ်။ လာရောက်ကြည့်ရှုသူ သူငယ်ချင်းလုံး ကျန်းမာပျော်ရွှင်ကြပါစေ။

Comment