Classic Car ၀ါသနာရှင် ဦးမြတ်သူဟာ Vauxhall, Mercedes, Austin ရှေးဟောင်းကားသုံးစီးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။
ဒီကားတွေကို အကောင်းဆုံးအနေအထား ပြန်ရောက်ဖို့အတွက် ပြုပြင်မွမ်းမံရတဲ့အလုပ်ဟာ တော်ရုံဝါသနာ၊ တော်ရုံဇွဲသန်မှုနဲ့တော့ မဖြစ်နိုင်ပါဘူး။
သူကတော့ စိတ်ရှည်လက်ရှည်နဲ့ အချိန်ပေးပြီး အသေးစိတ်မွမ်းမံခဲ့ရတယ်လို့ ဦးဖြတ်သူက ပြောပါတယ်။
ကားရဲ့ ဆေးအရောင်၊ ထိုင်ခုံအရောင်နဲ့ အစင်းကအစ လိုက်ဖက်မှုရှိအောင် စိတ်ကူးကောင်းကောင်းနဲ့ အချိန်ကုန်ခံ ငွေကုန်ခံပြီး ပြုပြင်ထိန်းသိမ်းခဲ့ရပါတယ်။
သူရဲ့ ကားတွေကို Classic Car Show ပွဲတွေမှာ ထုတ်ပြလေ့ရှိသလို ရုပ်ရှင်ဇာတ်ဝင်ခန်းများ၊ မင်္ဂလာဆောင် အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်းများအတွက်လည်း ငှားရမ်းပေးတယ်လို့ဆိုပါတယ်။
မြင်ရခဲတဲ့ရှေးဟောင်းကားတွေအကြောင်း ဦးမြတ်သူက စိတ်ရှည်လက်ရှည် ရှင်းပြပေးထားပါတယ်။