“အမှန်တော့ကျမက ကျောင်းဆရာမပါ။ ကျောင်းဆရာမ တစ်ယောက်အနေနဲ့ ဘယ်လက်နက်ကိုင်ချင်ပါ့မလဲ။ လက်နက်ကိုင်ရမယ့်အခြေအနေတစ်ခုကို မလွဲမရှောင်သာ ရောက်သွားလို့ ပါ။ တောထဲမှာ ဖြုတ်ကိုက် ခြင်ကိုက် ဒုက္ခကို ဘယ်သူခံချင်ပါ့မလဲ။ ကျမတို့ ငြိမ်းချမ်းရေးကို အမြန်ရချင်တာပေါ့။”
ဒေါ်စောမြရာဇာလင်း ၊ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (ALP၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ)
“စောဘဦးကြီးက ပြောခဲ့တယ်။ ကရင်တွေ သွေးတစ်စက်မှမကျဘဲနဲ့ ကရင်ပြည်ရအောင်ယူ မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ အဓိပ္ပာယ်က တိုင်းရင်းသားတွေ ရသင့်ရထိုက်တဲ့အခွင့်အရေးကို ငြိမ်းချမ်းသော နည်းလမ်းနဲ့ စားပွဲဝိုင်းမှာ ကြိုးပမ်းခဲ့တာပဲ။ ဒါပေမယ့် မရခဲ့ဘူး။ တိုင်းရင်းသားတွေရဲ့ ဘ၀က လက်ထဲမှာသေနတ်တစ်လက်မှ မရှိရင် မျိုးပြုတ်ရမယ့်ဘ၀မို့  သေနတ်ကို မလွဲမရှောင်သာ ကျနော်တို့ ကိုင်ရခြင်းဖြစ်တယ်။ “
ပဒိုမန်းငြိမ်းမောင် ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး)
“တတိယပင်လုံညီလာခံက အောင်မြင်မှုရှိပါတယ်။ ငြိမ်းချမ်းရေးက ဆက်သွားနေတယ်။ မူ ၁၄ ချက်က တကယ့်ကျနော်တို့ ဆွေးနွေးချင်တဲ့အချက်တော့မဟုတ်ဘူး။ ဆွေးနွေးပွဲကို မပျက်အောင် ငြိမ်းချမ်းရေးကို ဆက်သွားနိုင်အောင်လုပ်သွားတဲ့ပွဲပဲဖြစ်တယ်”
ဒေါက်တာပညာမွန် ဒု-အလုပ်အမှုဆောင်ဒါရိုက်တာ( တိုင်းရင်းသားလူမျိုးများရေးရာ စင်တာ (ENAC)
“NCAစာချုပ်ဟာ ငြိမ်းချမ်းရေးတံခါး ဖွင့်ပေးဖို့အတွက် ပြည်သူလူထုလက်ထဲကို သော့ပေးလိုက်တဲ့ သဘောပဲဖြစ်တယ်။ NCA စာချုပ်ဟာ ငြိမ်းချမ်းရေးစာချုပ်မဟုတ်ဘူး။ ငြိမ်းချမ်းရေးတံခါးကို ဖွင့်ပေးဖို့ အတွက် အသုံးချရမယ့် သော့တစ်ချောင်းသာလျင်ဖြစ်တယ်”
ဒေါက်တာဆလိုင်းလျံမှုန်း ဒု-ဥက္ကဌ(ချင်းအမျိုးသားတပ်ဦး)
DVB TV - 22.07.2018