မဇ္ဈိမ။ ။ ရုရှားနိုင်ငံ မော်စကိုမြို့မှာ မေလ ၉ ရက်နေ့က ကျင်းပခဲ့တဲ့ ဒုတိယကမ္ဘာစစ်က မဟာမိတ်တွေ အောင်ပွဲရတဲ့ နှစ် ၈၀ ပြည့် အခမ်းအနားကို စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေက တက်ရောက်ခွင့်ရခဲ့ပါတယ်။ စစ်ခေါင်းဆောင်ဟာ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှ အပြင် ယုံကြည်ရတဲ့လူ ၃၀ လောက်ကိုလည်း သူနဲ့အတူ ခေါ်ဆောင်သွားခဲ့ပါတယ်။ ဒီခရီးစဉ်မှာပဲ စစ်ခေါင်းဆောင်က တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့လည်း သီးခြားတွေ့ဆုံခွင့်ရခဲ့ပါတယ်။
00:30 ရုရှားမှာ ကျင်းပခဲ့တဲ့ ဒုတိယကမ္ဘာစစ်တုန်းက မဟာမိတ်တွေ အောင်ပွဲရတဲ့ နှစ်၈၀ အခမ်းအနားဟာ ဘယ်လိုအခမ်းအနားမျိုးလဲ။ ဘယ်နိုင်ငံတွေ တက်ကြလဲ။ စစ်ကောင်စီတပ်က ဘာလို့ အဲ့ဒီမှာ စစ်ရေးသွားပြရလဲ။
05:07 ဒီအခမ်းအနားမှာ ရုရှားသမ္မတ ပူတင်က စစ်ခေါင်းဆောင်ကို နိုင်ငံ့ခေါင်းဆောင်တစ်ယောက်လို တူတူတန်တန် ဆက်ဆံတာမျိုးတော့ မတွေ့ရပေမယ့် စစ်ခေါင်းဆောင်ကတော့ ဒီအခမ်းအနားကို တက်ခွင့်ရလို့ သူ တော်တော်လေး ဂုဏ်ယူနေတာကို တွေ့ရပါတယ်။ ဒီ့အခြေအနေနဲ့ ပတ်သက်ပြီး ဆရာ့အနေနဲ့ ဘယ်လိုမြင်လဲ။
09:56 စစ်ခေါင်းဆောင်က တရုတ်သမ္မတအပြင် တခြားဘယ်သူတွေနဲ့ သီးခြားဆီတွေ့ခွင့်ရခဲ့လဲ။ ဘာကိစ္စတွေကို ဆွေးနွေးခဲ့လဲ။ ဘာထူးခြားမှုတွေရှိလဲ။
15:07 ဒီတခေါက် စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ်မှာ သူ့ဇနီးအပြင် တခြားသူတွေပါ အတွဲလိုက် တပြုံတမကြီး ခေါ်သွားခဲ့ပါတယ်။ ဒီပွဲတက်ဖို့အတွက် ဒီလောက်လူအုပ်ကြီးလို့အပ်လို့လား။ ဘာကြောင့်များ အုပ်စုလိုက်ကြီး ယုံယုံကြည်ကြည်နဲ့ ခေါ်သွားရတာလဲ။
#Editorialtalk
#Mizzima
#မင်းအောင်လှိုင်
#Russia
#China
-----------------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ Mizzima YouTube Channel တွင် မန်ဘာဝင်ခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတဆင့် ထောက်ပံ့နိုင်ပါသည်။
https://bit.ly/2VhJ12U or https://tinyurl.com/donatemzm
Subscribe Mizzima TV :
https://www.youtube.com/channel/UCk9f0cLiMmtchQySOogzoig/join
One link to follow all Mizzima platforms:
https://mizzima.carrd.co