MENU

Fun & Interesting

ငလျင်ကြောပေါ်က စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ မြို့တော် နေပြည်တော် (Editorial Talk)

MizzimaTV 100,723 22 hours ago
Video Not Working? Fix It Now

မဇ္ဈိမ။ ။ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က ငလျင်ကြီးကြောင့် စစ်ဗိုလ်ချုပ်ကြီးတွေတည်ခဲ့တဲ့ နေပြည်တော်မှာ အပျက်အစီးများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ ငလျင်ကြောင့် နေပြည်တော်က လမ်းတံတားတွေနဲ့ ဝန်ထမ်းအိမ်ယာတွေပျက်စီးပြီး လူထိခိုက်သေဆုံးမှု များခဲ့ပေမယ့် စစ်ဗိုလ်ချုပ်ကြီးတွေနေတဲ့ နေရာမှာတော့ အပျက်အဆီး နည်းပါးခဲ့ပါတယ်။ ဘာကြောင့်ပါလဲ။ မဇ္ဈိမ Editorial Talk အစီအစဉ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ စုစုပေါင်း ကြာမြင့်ချိန် 28:00 မိနစ် ဖြစ်ပါသည်။ 00:00 နေပြည်တော်ကို ဘယ်သူတွေ ဘယ်လိုတည်ခဲ့လဲ 08:23 ငလျင်အတွင်း နေပြည်တော်က ဘယ်အဆောက်အဦတွေ ပြိုကျပျက်စီးခဲ့လဲ။ ဒါတွေကို ဘယ်သူဆောက်ခဲ့လဲ။ မပြိုတဲ့ အဆောက်အအုံတွေကိုရော ဘယ်သူတွေ ဆောက်ခဲ့တာလဲ။ 12:50 ငလျင်နောက်ပိုင်း လက်ရှိ နေပြည်တော်က ဝန်ကြီးဌာနလုပ်ငန်းတွေ ဘယ်လိုလည်ပတ်နေကြလဲ။ 15:59 စစ်ဗိုလ်ချုပ်ကြီးတွေ နေတဲ့ ခြောက်လုံးတန်း နဲ့ နေပြည်တော်က မြေအောက်လှိုဏ်ခေါင်း အခြေအနေ ဘယ်လိုရှိလဲ။ 22:05 ငလျင်ကြောပေါ်က နေပြည်တော်ဟာ ဆက်ပြီး နေသင့်တဲ့ မြို့တခုဖြစ်ဦးမလား။ ရှေ့ဆက် နေပြည်တော်ဆိုတာကြီးက စစ်ခေါင်းဆောင်တွေ မျှော်လင့်သလို Smart City ဖြစ်လာနိုင်ပါဦးမလား။ #Mizzima #Editorialtalk #myanmarearthquake #Naypyidaw #MilitaryJunta ----------------------------------------- လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ Mizzima YouTube Channel တွင် မန်ဘာဝင်ခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတဆင့် ထောက်ပံ့နိုင်ပါသည်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm Subscribe Mizzima TV : https://www.youtube.com/channel/UCk9f0cLiMmtchQySOogzoig/join One link to follow all Mizzima platforms: https://mizzima.carrd.co

Comment