လူမိုက်ကြီး မိုက်ခဲကျောက်ပွင့် EP-2 (ဆားပုလင်းနှင်းမောင် ရောက်လာပြီ)
(ဆားပုလင်းနှင်းမောင် ရောက်လာပြီ) #မိုက်ခဲကျောက်ပွင့် #လူမိုက်စုံထောက်ဇာတ်လမ်း #detectivestory #detective #gangstarstory #gangstar #audio #audiobook #audiobooks #audiocomic #audiocomics #comic #comics #animation #animationvideo #အသံရုပ်ပြ #ရုပ်ပြ #ရုပ်ပြကာတွန်း
စီအိုင်ဒီမှ စုံထောက်များကို အမှု့များပေါ်ပေါက်အောင်မဖော်ထုတ်နိုင်တဲ့အတွက် စီအိုင်ဒီစုံထောက်မင်းကြီး မစ္စတာဟာရီမှ နေ့စဉ်လိုလို သူ့ရုံးခန်းထဲခေါ်ခေါ်ပြီးဆူပူ ကြိမ်းမောင်းကာ ထုချေလွှာရေး၍ သူ့ဆီတင်ခိုင်းပါတယ်။
အိုင်ပီကိုအောင်သင်းနဲ့ စုံထောက်ဦးကိုကိုကြီးတို့ စုံထောက်တစ်ဖွဲ့လုံးမှာလည်း စုံထောက်မင်းကြီးရဲ့အဆူအပူကြိမ်းမောင်းဆဲဆိုခြင်းကို နေ့စဉ်ခံနေရတဲ့အခါ သူတို့ရဲ့မိတ်ဆွေကြီး ဆားပုလင်းနှင်းမောင်ကို သတိတရ တမ်းတကြပါတော့တယ်။
တစ်နေ့စုံထောက်မင်းကြီးရဲ့ ရုံးခန်းထဲကို လူတစ်ယောက်ဝင်သွားကြောင်း စုံထောက်မင်းကြီးက စုံထောက်အဖွဲ့ကိုလာတွေ့ရန် ခေါ်ခိုင်းကြောင်း ပြာတာစံဝင်းကလာပြောပါတယ်။ စုံထောက်အဖွဲ့လည်း စုံထောက်မင်းကြီးနဲ့တွေ့ဆုံရန် မင်းကြီးရုံးခန်းထဲပြိုင်တူဝင်လိုက်ကြပါတယ်။
မင်းကြီးရုံးခန်းထဲအရောက် မင်းကြီးအရှေ့မှာ ထိုင်နေတဲ့လူကိုတွေ့လိုက်ကြရသောအခါ "ဆားပုလင်းနှင်းမောင်"လို့ ပြိုင်တူရေရွတ်လိုက်ကြပါတော့တယ်။