ကမာကူရ ဘုရားသမိုင်း အကျဉ်းချုပ်။
ညာဏ်တော်အမြင့် ၁၃.၃၅ မီတာ (၄၃.၈ပေ)ရှိပြီး၊ အခေါင်းပွကြေးဆင်းတုတော် အမျိုးအစားဖြစ်ကာအတွင်းပိုင်းသို့ ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်။
ဂျပန်နိုင်ငံတိုကျိုမြို့၏အနောက်တောင်ဘက်မို ( ၃၁ ) မိုင်ခန့်အကွာမှာရှိတဲ့ Kamakura မြို့မှာတည်ရှိပါတယ်။ တိုကျိုမြို့မှ ( ၁ ) နာရီကျော်ခန့် ရထားခရီးဖြင့်သွားရပြီး The Great Buddha of Kamakura ခေါ်ဆိုကြပြီး၊ ဂျပန်လိုတော့ Kamaku Daibutsu လိုခေါ်ကြပါတယ်။
အေဒီ ၁၂၅၂ခုနှစ်၊ ဂျပန်သမိုင်းရဲ့ကမာကူရခေတ်(အေဒီ1185–1333)တွင် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပါတယ်။ဦးဆောင်ပြုလုပ်ခဲ့တဲ့ပညာရှင်များကတော့ One-Goroemon နှင့် Tanji-Hisatomo ဖြစ်ကြပါတယ်။ ဂျပန်နိုင်ငံအတွင်း Nara နာယာ မြို့ရှိ Todaiji ဗုဒ္ဓရုပ်ပွားတော်ပြီးလျှင် ဒုတိယမြောက် အကြီးဆုံးဆင်းတုတော်ဖြစ်ပါတယ်။
စတင် တည်ထားချိန်တွင် အမိုးအကာနှင့် အာရုဏ်ခံတန်ဆောင်းရှိခဲ့သည့် ကမာကူရ ဆင်းတုတော်ကြီးသည် အေဒီ 1334 ခုနှစ် နှင့် 1369 ခုနှစ်များမှာ မုန်တိုင်းများဝင်ရောက်တဲ့ အတွက် အမိုးအကာများပျက်စီးခဲ့သဖြင့်ပြုပြင်ခဲ့ရပါသည်။
1498 ခုနှစ်September 20 မှာတော့ ဆူနာမီရေလှိုင်းတွေဟာကမာကူရဆင်းတုတော် ရှိရာအထိ ရောက်ရှိခဲ့ပြီး အဆိုပါရေလှိုင်းဒဏ်ကြောင့် အမိုးအကာများ ရေလှိုင်းများနဲ့ မျောပါသွားခဲ့ကာ ယခုအချိန်ထိ အမိုးအကာများ ပြန်လည်တည်ဆောက်ခြင်းမပြုလုပ်တော့ပဲ ဟင်းလင်းပြင်မှာ စံပယ်တော်မူလျှက် ရှိပါသည်။
၁၉၂၃ခုနှစ်တိုကျိုငလျင်ကြီး လှုပ်ခတ်ချိန်၌ အောက်ခြေပိုင်းပျက်စီးခဲ့ပြီး ၁၉၂၆ခုနှစ်၌ ပြန်လည်ပြုပြင်ခဲ့ပါသည်။ ၁၉၆၀-၆၁ခုနှစ်၌ ငလျင်ဒဏ်ခံနိုင်ရန် ထပ်မံပြုပြင်ခဲ့ပါသည်။