MENU

Fun & Interesting

【ရုပ်သံသတင်း】Hi,ChunWan” စီးရီး “နွေဦးပွဲတော်ညချမ်းပဒေသာဖျော်ဖြေပွဲရဲ့ ပုံရိပ်များ”

Opinion Leaders 187 lượt xem 1 month ago
Video Not Working? Fix It Now

【ရုပ်သံသတင်း】Hi,ChunWan” စီးရီး “နွေဦးပွဲတော်ညချမ်းပဒေသာဖျော်ဖြေပွဲရဲ့ ပုံရိပ်များ” - အချိန်ခရီးဖြတ်သန်း လာသော ကဗျာရသ

၂၀၂၄ ခုနှစ် နွေဦးပွဲတော်ညချမ်းပ‌ဒေသာဖျော်ဖြေပွဲမှာ “တောင်တန်းမြစ်နဒီနှင့်တေးကဗျာချန်းအန်း” အစီအစဉ်မှ AR နည်းပညာကို မြှင့်တင်ပြီး ရှေးခေတ်နဲ့အခုခေတ် ရောယှက်နေသော အိပ်မက်ဆန်ဆန် တည်ခင်းဧည့်ခံပွဲတစ်ခုကို ဖွဲ့စည်းထားခဲ့ပါတယ်။

ထန်ခေတ် ကဗျာစာဆို လီပိုင် (Li Bai) မှ အချိန်ခရီးဖြတ်သန်းပြီး လေအဟုန်စီးနှင်ကာ ရှီးအန်းမြို့မှာ အရက်ယမကာသောက်ရင်း တေးကဗျာ စပ်ဆိုပြပြီး အားမာန်အပြည့် လွတ် လပ်မှုဟန်ပန်ကို ပြသသွားခဲ့ပါတယ်။

ပုံရိပ်စစ်နဲ့ပုံရိပ်ယောင်ကို ပေါင်းစည်းခဲ့ပြီး ကြီးကျယ်ခမ်းနားထည်ဝါတဲ့မြင်ကွင်းကို ဖန်တီးခဲ့ပါတယ်။ အစီအစဉ် အရှိန်အဟုန် မြင့်လာတဲ့အချိန်မှာ လူအယောက် ၁၀၀၀ ဟာ “Qiang Jin Jiu” ကဗျာကို သံပြိုင်ရွတ်ဆိုပြီး ချန်းအန်းမြို့ရဲ့ကဗျာဆန်မှုကို ရုပ်လုံးအသွင်ပေါ်လာစေပါတယ်။

တရုတ်လူငယ်အများအပြားရဲ့ ဂုဏ်ယူမှုကို နိုးဆော်ပေးပြီး တရုတ်တေးကဗျာရဲ့ယဉ်ကျေး မှုရသနဲ့ထူးကဲသော ဆွဲဆောင်မှုတို့ကို အပြည့်အဝ တင်ဆက်ပြသွားခဲ့ပါတယ်။

Opinion Leaders Media Website --- http://opinionleadersmedia.com/
Opinion Leaders Media Facebook Page --- / opinionleadersmm
Opinion Leaders Telegram Channel --- https://t.me/opinionleadersmm

#Opinionleadersmedia #Internationalnews

Comment