အင်္ဂလိပ်လို holy land ကို အဘိဓါန်မှာ (ဂျော်ဒန်မြစ်အနောက်ဘက်ဒေသလို့) ပြန်ဆိုထားတာ တွေ့ရပါ တယ်။ ဂျေရုဆလင် ကိုပြောတာ ဖြစ်ပါတယ်။ ဘာသာတရားတို့မြေ သို့မဟုတ် မြင့်မြတ်သောမြေလို့ လည်းဆိုနိုင်ပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့ ဒီမှာ “ဘာသာတရားတို့၏မြေလို့” ပြန်ဆိုလိုပါတယ်။ ဂျူး၊ ခရစ်ယာန်၊ မွတ်စလင်တို့ရဲ့ ဘာသာရေးရာ အထွတ်အမြတ်ထားကြရာ နေရာတစ်ခုဖြစ်နေတဲ့ အတွက် ရယ်၊ ဒီနေရာကို ဒီဘာသာတရားသုံးခုလုံးက သူတို့ရဲ့ သက်ဆိုင်ရာ ဘာသာတရားတွေအရ ဘုံပိုင် ဆိုင်ကြ တာဖြစ်လို့ အခုလိုပြန်ဆိုရတာ ဖြစ်ပါတယ်။ ကောင်းကင်ကျကျမ်းဂန်တွေဖြစ်တဲ့ ဟီဘရူးဘိုင်ဘယ်၊ ခရစ်ယာန်ဘိုင်ဘယ် နဲ့ ကျမ်းတော်မြတ်ကုရ်အာန် တို့မှာ ဖော်ပြပါရှိတဲ့ နေရာဒေသတွေထဲက တစ်ခုဖြစ် ပါတယ်။ ကမ္ဘာ့ပထဝီအနေအထားအရ ကမ္ဘာ့အနိမ့်ဆုံး ဒေသလို့လည်း သိရပါတယ်။ ဒီနေ့အခါ မတော့ ဒီဒေသဟာ ဂျူး နဲ့ အာရဗ် ဆိုတဲ့ ကမ္ဘာ့လူ့အဖွဲ့အစည်းနှစ်ခု သူတို့ရဲ့ အမျိုးသားအမှတ်သရုပ်အတွက် သွေးစွန်းကြသည့်တိုင် အားပြိုင်နေကြတဲ့ နေရာဒေသတစ်ခု ဖြစ်နေပါပြီ။ ဒါကတော့ သူတို့အားလုံးရဲ့ ဘာသာတရားတို့မြေ holy land ဖြစ်ပါတယ်။
______________________________
Music By: Desert City
: Whisper in Deep
_____________________________
Video and Images
https://www.vecteezy.com/
https://www.istock.com
google earth studio
___________________________
Ref: www.wikipedia.com