ရန်ကုန်မြို့နဲ့ အနီးဆုံး ပဲခူးမြို့ကို အားလပ်ရက်လေးမှာ အချိန်ပေး ပြေးလိုက်တယ်။ ပဲခူး ကို ရန်ကုန်ကနေဆို နေ့ချင်းပြန် သွားလည်ကြတာများပေမဲ့ တကယ်တော့ ပဲခူးဟာ သေချာအချိန်ပေးလည်မယ်ဆို တစ်ညအိပ်ခရီးမှ အနည်းဆုံး အဆင်ချောပါလိမ့်မယ်။ အဲ့လိုမှ မဟုတ်လည်း ရန်ကုန်နဲ့နီးတော့ ဒီတစ်ပတ် နေရာနည်းနည်း၊ နောက်တစ်ပတ် နေရာနည်းနည်းသွားရင်လည်း အဆင်ပြေပါတယ်လေ။
.
ပဲခူး ဆိုတာ မွန်စကား ဖဲ့ဂို ကနေ ဆင်းသက်လာတယ်လို့ ဖတ်ဖူးပါတယ်။ ၈၂၆ ခုနှစ်မှာ သမလ၊ ဝိမလ ညီနောင်ကနေ စပြီး တည်ထောင်ခဲ့ကြတယ်။ မင်းဆက် (၁၇) ဆက်လွန်တော့ မင်းဆက် ပြတ်သွားပြီး ရွာကြီးလို ကျန်ခဲ့ရာကနေ ၁၃၆၉ ခုနှစ်မှာ ဗညားဦးမင်း က ထီးနန်းစိုက်လို့ မွန်တလှည့် ဗမာတလှည့် အုပ်ချုပ်ခဲ့တယ်လို့ သိရပါတယ်။ ၁၇၅၇ ခုနှစ်မှာတော့ အလောင်းမင်းတရား လက်အောက် ကျရောက်ခဲ့ပြီး ၁၈၅၂ ခုနှစ်မှာ အင်္ဂလိပ်လက်အောင်ရောက်ခဲ့ပါသေးတယ်။
.
လေ့လာစရာများတဲ့ ပဲခူး ကို NCX Myanmar က အသစ်တင်သွင်းထားတဲ့ Honda U-GO EV ဆိုင်ကယ်နဲ့ သွားလာဖြစ်သခဲ့သမျှကို ဒီ ဗီဒီယိုလေးကနေ ဝေမျှချင်ပါတယ်ခင်ဗျာ....
.
အားလုံးပဲ အစဉ်ဘေးကင်း ကျန်းမာလို့ စိတ်ရွှင်လန်းကြပါစေ...
သီဟလုလင် (Thiha, the Traveller)