MENU

Fun & Interesting

ICC ဖမ်းဝရမ်း စက္ကူကျားလား၊ သဟေ့ဂ်အရောက် တကယ် ခေါ်နိုင်လား - BBC News မြန်မာ

BBC News မြန်မာ 1,069,262 lượt xem 2 months ago
Video Not Working? Fix It Now

- ICC ဖမ်းဝရမ်း စက္ကူကျားလား၊ သဟေ့ဂ်အရောက် တကယ် ခေါ်နိုင်လား
- ICC ရှေ့နေချုပ်ရဲ့ နောက်ထပ် ဖမ်းဝရမ်းတွေ မြန်မာက ဘယ်သူတွေကို ပစ်မှတ်ထားလာနိုင်လဲ

မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပေးပါ ဆိုပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ရဲ့ ရှေ့နေချုပ် ကရင်းမ်ခန်းက ရုံးတော်ထံ လျှောက်ထားလိုက်ပါတယ်။ ရိုဟင်ဂျာတွေ အပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ၊ အစုလိုက် အပြုံလိုက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးသွားရအောင် ပြုလုပ်ခဲ့တာတွေ အတွက် မြန်မာ စစ်တပ် ခေါင်းဆောင်လည်း ဖြစ်၊ လက်ရှိ ယာယီ သမ္မတ တာဝန်ကိုလည်း ယူထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှာ တာဝန်ရှိကြောင်း ယုံကြည်ရဖွယ် အခြေခံ အချက်တွေ ရှိနေတယ် ဆိုပြီး ICC ရဲ့ ရှေ့နေချုပ် က ဆိုပါတယ်။

မြန်မာစစ်တပ်ဘက်ကတော့ ICC နဲ့ ပတ်သက်ရင် သူတို့ အမြဲ ကိုင်စွဲထားတာက မြန်မာဟာ ICC အဖွဲ့ဝင် နိုင်ငံ မဟုတ်ဘူး၊ ICC ဖွဲ့စည်း ထူထောင်ထားရှိတဲ့ ရောမ ဥပဒေ Rome Statue မှာ လက်မှတ် ထိုးထားတာ မဟုတ်ဘူး ... ဒါ့ကြောင့် ICC အနေနဲ့ မြန်မာနဲ့ ပတ်သက်ပြီး ဘာမှာ ကြားနာ စီရင်ခွင့် မရှိဘူး ဆိုတဲ့ အချက် ဖြစ်ပါတယ်။ အဲဒီ အချက်ကို ကိုင်စွဲပြီး တကယ်တမ်း ICC အမှုကနေ ရှောင်လွှဲ နိုင်ပါသလား။

စစ်ရှုံးတဲ့ ယူဂိုဆလားဗီးယား သမ္မတဟောင်း မီလိုဆီဗစ်ချ်တို့၊ ဘော့စနီးယား ဆာ့ဘ်ခေါင်းဆောင် ကာရာဒစ်ချ်တို့ကိုပဲ သဟေ့ဂ် အရောက် ဖမ်းခေါ်နိုင်ပေမယ့်၊ လက်ရှိ ရုရှားသမ္မတ ပူတင်၊ အစ္စရေး ဝန်ကြီးချုပ် နက်တန်ညာဟုတို့ အပေါ် ဝရမ်း ထုတ်ထားတာ ထိရောက်မှု မရှိပါဘူး။ ဒီတော့ မြန်မာ စစ်ခေါင်းဆောင်အတွက် ဖမ်းဝရမ်း တကယ် ထွက်လာရင်လည်း ဘယ်လို နောက်ဆက်တွဲတွေ မြင်ရဖွယ် ရှိပါသလဲ။

တခါ၊ ICC ရှေ့နေချုပ် ကာရင်မ်ခန်းက အခုအမှုမှာ စစ်ခေါင်းဆောင်ကို တင်မက၊ နောက်ထပ်သူတွေ အတွက်လည်း ဖမ်းဝရမ်းတွေ ထွက်လာအောင် လုပ်မယ်လို့ ဆိုထားတဲ့ အတွက်၊ အဲဒီ နောက်ထပ် ဖမ်းဝရမ်းတွေဆိုတာ ဘယ်သူတွေကို ပစ်မှတ်ထားမှာလဲ ..... စတဲ့ စိတ်ဝင်စားပြီး အရေးကြီးတဲ့ အကြောင်းချင်းရာတွေ အပေါ် ဒီတစ်ပတ် အသေးစိတ် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒီတစ်ပတ်မှာတော့ နိုင်ငံတကာ ဥပဒေ ပညာရှင် လည်းဖြစ် ဝါရင့် လူ့အခွင့်အရေး ရှေ့နေကြီးလည်း ဖြစ်တဲ့ ဦးအောင်ထူး ရဲ့ ဥပဒေကြောင်း ဆိုင်ရာ ဆန်းစစ်ချက်တွေနဲ့ အတူ၊ တာဝန်ယူမှု ရှိစေရေး မြန်မာ ပရောဂျက် MAP အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ခရစ္စဂန်းနက်စ်နဲ့ Burmese Rohingya Organisation UK ကို ဦးဆောင်သူ ကိုထွန်းခင်တို့ရဲ့ သုံးသပ်ချက်တွေကိုလည်း ကြားကြရဖို့ ရှိပါတယ်။

ဘီဘီစီသတင်းထောက် ကိုဝေဖြိုး စီစဥ်တင်ဆက်ထားတာကို ဒီဇင်ဘာလ ၇ ရက်၊ စနေည မြန်မာစံတော်ချိန် ည ၈ နာရီအချိန် ဘီဘီစီမြန်မာပိုင်းရဲ့ ဖေ့စ်ဘုတ်စာမျက်နှာနဲ့ ည ၈ နာရီခွဲ အချိန် ဘီဘီစီမြန်မာပိုင်းရဲ့ ယူကျုချန်နယ်တို့ ကနေ ထုတ်လွှင့်သွားမှာမို့ စောင့်မျှော် ကြည့်ရှုနိုင်ကြပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း

Comment