MENU

Fun & Interesting

တီတီကာကာ ရေကန်ကြီး အကြောင်း သိကောင်းစရာ | Interesting facts about Lake Titicaca

Thutazone 12,532 lượt xem 1 year ago
Video Not Working? Fix It Now

ဒီတခါတော့ တောင်အမေရိကတိုက်ရဲ့ လူသိအများဆုံး အထင်ရှားဆုံးရေကန်ကြီး ဖြစ်တဲ့ တီတီကာကာ ရေကန်ကြီးရဲ့ အကြောင်းကို ဝေမျှသွားပါမယ်။

ဒီရေကန်ကြီးဟာ ကမ္ဘာပေါ်က လှေသင်္ဘောတွေ ခုတ်မောင်းပြေးဆွဲနိုင်တဲ့ ရေကန်တွေအနက်မှာ အမြင့်ဆုံး ရေကန်အဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။

တီတီကာကာ ရေကန်ကြီးရဲ့ တည်နေရာကတော့ တောင်အမေရိကတိုက် က ပီရူး နိုင်ငံ နဲ့ ဘိုလစ်ဗီးယားနိုင်ငံ နှစ်ခုရဲ့ကြားက အန်ဒီးစ် တောင်တန်းဒေသမှာ ဖြစ်ပါတယ်။

အရှည်ဆုံးနေရာမှာ အလျား ၁၁၈ မိုင် ရှိပြီး အကျယ်ဆုံးနေရာမှာ ၅၀ မိုင်ခန့်အထိ ကျယ်ကာ ကန်ကြီးရဲ့ မျက်နှာပြင် ဧရိယာ စုစုပေါင်း က ၃၂၃၂ စတုရန်းမိုင်ခန့် ရှိနေတာကြောင့် တောင်အမေရိကတိုက်ရဲ့ အကြီးဆုံးရေကန်အဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။

Comment