MENU

Fun & Interesting

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit Media 346,316 5 hours ago
Video Not Working? Fix It Now

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ - စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ MRTV အသံလွှင့် တာဝါတိုင် (ဗောဓိတစ်ထောင်) စခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁၁ ဦးကတော့ အသီသီး သေကုန်ကြတဲ့အပြင် ၊ လက်နက် ၁၀ လက်နဲ့ ခဲယမ်းတွေကိုပါ သိမ်းဆည်း ရရှိထားတယ်လို့ PDF အမှတ် ၁ စစ်ဒေသကနေ သတင်းထုတ် ပြန်ထားပါတယ်။ -ပဲခူးတိုင်းထဲက ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီ ဂိတ်စခန်း ၇ ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေက တစ်ပြိုင်နက်တည်း တိုက်ခိုက်ချေမှုန်းမှုအတွင်း စစ်ကောင်စီ တပ်သား ၈ ဦးကတော့ ပစ်ခတ်မှုတွေအတွင်းမှာပဲ အသီးသီးသေကုန်ကြသလို ၊ တော်လှန်ရေးရဲဘော် ၁ ဦးလည်း မြင့်မြတ်စွာ အသက်ပေးလှူသွားရတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကနေ သတင်းထုတ် ပြန်ထားပါတယ်။ - အကြမ်းဖက် စစ်ကောင်စီခန့် စစ်ကိုင်းဝန်ကြီးချုပ် မြတ်ကျော်အတွက် စစ်ကိုင်းမြို့အဝင်အနီး လမ်းပိုင်းမှာ လုံခြုံရေး ယူနေတဲ့ စစ်ကောင်စီတပ်သား ၅ ဦးကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာမှာ စစ်သား ၄ ဦးကတော့ နေရာမှာတင် ပွဲချင်းပြီး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

Comment