MENU

Fun & Interesting

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit Media 410,030 7 hours ago
Video Not Working? Fix It Now

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်းဦးထင်ကျော်ကို အာဂျင်တီးနား တရားရုံးက ဖမ်း၀ရမ်းထုတ်ထားအပေါ် ဖြေရှင်းဖို့အတွက် တရားမျှတမှု ရှာဖွေဖော်ထုတ်ရေးကော်မတီကို NLD ပါတီက ဖွဲ့စည်းမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-ဗဟိုအလုပ်ကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြင့်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ - ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် ခလရ ၃၁ တပ်ရင်းရဲ့ ပူလူတူစစ်စခန်း ကို KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်တာကြောင့် တိုက်ပွဲဖြစ်ပွားပြီး ဒေသပြည်သူ ၁၀၀ ခန့် ထိုင်းနိုင်ငံဘက် အခြမ်းကို ထွက်ပြေးလာတယ်လို့ ထိုင်း-မြန်မာနယ်စပ် စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ - တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေး တပ်ဖွဲ့တွေအကြား ၁၇ ရက်ကြာတိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂၅ ဦး သေဆုံးကာ လက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

Comment