MENU

Fun & Interesting

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit Media 378,882 5 hours ago
Video Not Working? Fix It Now

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ - အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ BGF ခေါင်းဆောင် စောင်ချစ်သူနဲ့ ဗိုလ်တင်ဝင်း ဗိုလ်မုတ်သုန် ဆိုသူတို့ကို ထိုင်းအစိုးရက ဖမ်း၀ရမ်းထုတ်ဖို့ Justice for Myanmar ဒီကနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာပဲ တိုက်တွန်းလိုက်ပါတယ်။ - အကြမ်းဖက် စစ်ကောင်စီက စစ်ဖြစ်နေတဲ့ ရုရှားနိုင်ငံကို နှစ်နိုင်ငံ MoU စနစ်နဲ့ မြန်မာ အလုပ် သမားတွေ စေလွှတ်ဖို့အတွက် အေဂျင်စီတွေနဲ့ ဘာသာစကားသင်တန်းကျောင်းတွေကို ခေါ်ယူညှိနှိုင်း နေပြန်ပြီး ၊ တစ်ဖက်မှာတော့ ပြည်ပထွက် အလုပ်လုပ်မယ့် သူတွေကို ထွက်ခွင့်မပေးသေးပဲ ပိတ်ပင်ထားတာဟာ ၁၁ ရက်ကြာအထိ ပိတ်ထားတုန်းပဲလို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ - မကွေးတိုင်း၊ မြိုင်မြို့နယ်က ကျောက်ခွက်ရေနံမှော် ဒေသအတွင်း ဆုံကုန်း ကျေးရွာဘုန်းကြီးကျောင်းမှာ မင်္ဂလာဆောင်ပွဲ ပြုလုပ်နေတဲ့နေရာကို အကြမ်းဖက် စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကျဲချမှုကြောင့် ပြည်သူအမြောက်အများ ထိခိုက်သေဆုံးမှု ရှိထားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

Comment