Khit Thit သတင်းဌာန၏ ဧပြီ ၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဧပြီ ၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ လက်ကျန် ၂၆၈ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံရှင်းလင်းနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်ကို ပြောပါတယ်။
-အမှတ် (၁)စစ်ဒေသရဲ့ အစီအစဥ်နဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲကို ၈ လကျော်ကြာ ဆင်နွှဲခဲ့ပြီးနောက် ဧပြီ ၇ရက် ညပိုင်းမှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီးအဲဒီမြို့သိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ကို မခံနိုင်လို့ တပ်မ (၇၇) တပ်မမှူး ဦးဆောင်တဲ့အဖွဲ့ဟာ ထွက်ပြေးသွားတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ထားပါတယ်။
-စစ်တပ်ကလွဲရင် KIA ၊ TNLA ၊ AA နှင့် KNDF/KNPP တို့အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်းမရှိဘဲ တိုက် ခိုက်မှုတွေ ဆက်လုပ်နေတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ အကြမ်းဖက် ဇော်မင်းထွန်းက ဆက်လက်ပြောဆိုနေပြန်ပါတယ်။